သီလ၀ါ တန်ဖိုးနည်း အိမ်ရာစီမံကိန်း နှင့် ကျန်စစ်သား အိမ်ရာစီမံကိန်း အပိုင်း၂ကိုတည်ဆောက်ရန် တင်ဒါ ခေါ်ယူထားရာ ကုမ္ပဏီ ၃၀ကျော်ကို ပမာဏ တင်ဒါ ရွေးချယ်ထားကြောင်း သတင်းရရှိသည်။
မြို့ပြ နှင့် အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာနမှ အဆိုပါအိမ်ရာများကို သြဂုတ်လကတင်ဒါခေါ်ယူခဲ့ရာ ပဏာမ တင်ဒါ ကုမ္ပဏီများ အဖြစ် ကုမ္ပဏိ ၃၀ ကျော်ကို ရွေးချယ်ပြီးဖြစ်ကြောင်း သိရသည်။
နောက်ဆုံး အဆင့် တင်ဒါ ရွေးချယ်ခြင်းကို ဧပြီလအတွင်း ဖြစ်လာနိုင်ဖွယ်ရှိပြီး အနည်းဆုံး ကုမ္ပဏီ ၂ခုနှင့် အများဆုံး ကုမ္ပဏီ ၅ခုကို တည်ဆောက်လုပ်ကိုင်ခွင့် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအိမ်ရာစီမံကိန်းမှ အခန်းများကိုလည်း ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံဖြိုးရေးဘဏ်နှင့် ချိတ်ဆတ်ကာ ရောင်းချမှုများပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် မြို့ပြနှင့် အိမ်ရာဖွံဖြိုးမှုဦးစီးဌာနမှ ကနောင် ၊ရွှေလင်ဗန်း ၊ ယုဇန တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို အများပြည်သူလက်ထဲသို့ စတင်ရောင်းချမှုများပြုလုပ်နေပြီဖြစ်သည်။
ဝင်ငွေနည်းပြည်သူများဝယ် ယူနိုင်ရေး တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် နည်း လမ်းရှာဖွေမှုများစတင်ပြုလုပ်နေ ပြီး ၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ အိမ်ရာဖွံ့ဖြိုးရေးကို ငါးနှစ်စီမံကိန်း ရေးဆွဲထားရာ တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၁ ဒသမ ၈ သိန်းခန့်အ ကောင်အထည်ဖော်သွားနိုင်ရန် ရည်ရွယ်ထားသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com