အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ တွင် ရှေ့ နေဟန်ဆောင်ကာအိမ်ခြံမြေဝယ်လက်တို့အားလိမ်
လည်ခဲ့သည့် နယူးယောက်မြို့ သားတစ်ဦးအား ထောင်ဒဏ်ချမှတ်လိုက်ကြောင်း နယူးယောက်အခြေစိုက်အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လိမ်လည်မှုပြုလုပ်ခဲ့သူမှာ ဒင်နီယယ် စတန်းအမည်ရှိ အသက် ၅၂ နှစ်အရွယ်အမျိုးသားတစ်ဦး ဖြစ်ပြီး ဒေါ်လာထောင်ပေါင်းများစွာ လိမ်လည်ရန်အတွက် ရှေ့ နေတစ်ဦးအသွင် ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။
နယူးရိုချယ်အရပ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးထံမှ ကန်ဒေါ်လာ ၃၁၀၀၀ လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း ဝက်စ်ချက်စ်တာခရိုင် ရှေ့ နေရုံးက ပြောကြားသည်။
စတန်းသည် ယခင်ကလည်း လိမ်လည်မှုတစ်ခု ကျူးလွန်ခဲ့ဖူးပြီး လိမ်လည်ခဲ့သည့်ငွေ ပြန်လည်ပေးအပ်ရန် အမိန့်ချခံခဲ့ရဖူးသည်။
စတန်းသည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ရှေ့ နေတစ်ဦးဟန်ဆောင်ကာ အိမ်ခြံမြေဝယ်လက်တစ်ဦးထံ ချဉ်းကပ်ခဲ့သည်။
အိမ်ခြံမြေဝယ်ယူရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လိမ်လည်ပြောကြားရာ ဝယ်လက်က ကန်ဒေါ်လာ ၄၀၀၀၀ ကို ငွေသားဖြင့် ပေးအပ်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ပေးအပ်ခဲ့ပုံကို ဝယ်လက်က လျှို့ ဝှက်စွာ ဗွီဒီယိုရိုက်ကူးထားခဲ့သည်။
အဆိုပါငွေအနက် ကန်ဒေါ်လာ ၃၁၀၀၀ ကို စတန်းက အလွဲသုံးစားပြုကာ ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုခဲ့ပြီး ဒေါ်လာ ၉၀၀၀ ကိုမူ ပြန်လည်ပေးအပ်ခဲ့သည်ဟု ဆိုသည်။
စတန်းသည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့်အတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်ခြင်းခံရသည်ဟု အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)