တူရကီအစိုးရသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးနေစွမ်းအင်ဓာတ်အားပေးခန်းတည်ဆောက်ရန် လေလံခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်းအရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လေလံခေါ်ယူမှုကိုလာမည့်ဒီဇင်ဘာလတွင် ပြုလုပ်သွားမည် ဖြစ်သည်။
နေစွမ်းအင်ဓာတ်အားပေးစခန်းကို မြေအကျယ်အ၀န်း ဟက်တာ ၂၀၀၀ ပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်သည်။
တည်ဆောက်မည့်နေရာမှာတူရကီနိုင်ငံ၊ ကွန်ယာပြည်နယ်၊ ကာရာပီနာခရိုင်တွင် တည်ရှိသည်။
ယင်းစခန်းမှ နေအိမ်ပေါင်း ၆၀၀၀၀၀ ကျော်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်ဟုဆိုသည်။
၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အပြီးဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။
လေလံဆွဲသည့် ကုမ္ပဏီအနေဖြင့် နှစ်စဉ် မဂ္ဂါဝပ် သန်း ၅၀၀ ထုတ်လုပ်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်းတူရကီစွမ်းအင်နှင့်သဘာဝရင်းမြစ်ဆိုင်ရာဝန်ကြီးဘာရတ် အယ်လ်ဘေရက်ခ်ကပြောကြားသည်။
လက်ရှိအားဖြင့် တရုတ်၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများစွာမှ ကုမ္ပဏီများကလေလံဆွဲရန် ပြင်ဆင်လျက်ရှိကြသည်။
တူရကီအစိုးရသည် လာမည့် ၂၀၁၇ ခုနှစ် ပထမ ၃ လုံးပတ်အတွင်းအလားတူပမာဏအတိုင်းအတာရှိလေစွမ်းအင်ဓာတ်အားပေးစခန်းတည်ဆောက်ရန်အတွက် လေလံခေါ်ယူသွားဖွယ်ရာလည်းရှိနေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)