လက်ရှိ အစိုးရ ဖြေရှင်းပေးနေတဲ့ လယ်ယာမြေ အငြင်းပွားမှုမှာ လစ်ဟာချက် လေးရပ် ရှိနေတယ်လို့ ပြည်သူ့လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော် မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်းက ဆိုပါတယ်။
လယ်ယာမြေစီမံခန့် ခွဲရေးကော်မတီနဲ့
သက်ဆိုင်ရာ ဦးစီးဌာနတွေအနေနဲ့ သည်ထက်ပိုပြီး ဆောင်ရွက်သင့်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။
ဦးစိန်ဝင်းက’လူတွေ အလုပ်မလုပ်လို့ တော့ မဟုတ်ပါဘူး၊ ဝန်ကြီးဌာနမှာလဲ သူ့ လုပ်ပိုင်ခွင့်နဲ့ သူလုပ်သင့်တာတွေလုပ်ဖို့ ရှိ တာပေါ့၊ မလုပ်ရင်တော့ အန်ကယ်တို့က ပြောမှာပေါ့၊ အချိန်ကာလနဲ့ အခြေအနေ တစ်ခု လိုနေတာဆိုပြီး အကောင်းမြင်ပေးထားပါတယ်၊ လိုအပ်ရင်တော့ လွှတ်တော်ပိုင်းကနေ တိုက်တွန်းပါမယ်”လို့ ပြောပါတယ်။
သည်အားနည်းချက်တွေအတွက် လွှတ်တော်မှာတင်ဖို့ အဆိုတွေ အဆင်သင့် ရှိနေတယ်လို့ ဆိုပါတယ်။
နံပါတ်တစ်ခု အနေနဲ့ လယ်ယာမြေနဲ့ အခြားမြေသိမ်းဆည်းမှု ပြန်လည်စိစစ်ရေး ကော်မတီရဲ့ ဖွဲ့စည်းပုံမှန်ကန်ဖို့ လိုအပ်နေ တာလို့ သိရပါတယ်။
အထက်ပိုင်းမှာဖွဲ့စည်းတာကကောင်း ပေမဲ့ အောက်ခြေအဆင့်ကော်မတီမှာ သက်ဆိုင်တဲ့ လူတွေ ပါဝင်ခြင်း မရှိဘူးလို့ တပ်ကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။
ဦးစိန်ဝင်းကလည်း ‘နံပါတ်နှစ်က ပါ ဝင်တဲ့ သူတွေမှန်ဖို့လိုတယ်၊ နံပါတ်သုံးက တော့ ညွှန်ကြားချက်တွေ၊ အသုံးပြုမယ့် ဥပဒေတွေက မှန်မှန်ကန်ကန် အသုံးချ တတ်ဖို့ လိုတယ်”လို့ ပြောပါတယ်။
တပ်ကုန်းမြို့နယ်ထဲက လယ်မြေပိုင် ဆိုင်မှု အငြင်းပွားမှု ဖြစ်နေတဲ့ ဦးအောင်ကျော်က ‘အစက ပြောတာ အသိမ်းခံရရင် လာပြောပါဆိုလို့ ဦးတို့သွားပြောတယ်၊ ပြီးလဲပြီးရော ၈၈ ခုနှစ်ကတည်းက ကိစ္စမို့လို့ ဆိုပြီး ပြောတယ်၊ အခုထိတော့ ဘာမှ အကြောင်းပြန်တာ မရှိသေးဘူး”လို့ ဆိုပါ တယ်။
အခုလိုတွေ ပိုင်ဆိုင်မှုမှန်ကန်ခြင်း ရှိမရှိ စစ်ဆေးရတာတွေကြောင့် လယ်ယာမြေ ပြဿနာတွေ ဖြေရှင်းတဲ့အခါ ကြန့် ကြာနေရတာ ဖြစ်တယ်လို့လည်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ပြောပါတယ်။
Credit: The Kumudar