ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆောက်လုပ်ရေးနဲ့ သက်ဆိုင်တဲ့ အခက်အခဲတွေကို ပူးပေါင်းဖြေရှင်းနိုင်ဖို့ Y.C.D.C လိုင်စင်ရ အဆောက်အအုံ ကန်ထရိုက်တာများ အသင်းကို စတင်ဖွဲ့စည်းပါ တယ်။
လက်ရှိမှာတော့ ဗဟိုအမှုဆောင် ကော်မတီတွေကို မဲစနစ်နဲ့ ရွေးချယ်တင်မြှောက်တယ်။ ဗဟိုအမှုဆောင် ကော်မတီ ၄၅ဦး ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ အသင်းဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ၁၅ ဦးကို ဗဟိုအမှု ဆောင် ကော်မတီဝင်အဖြစ် ပါဝင်ခွင့်ပြုပြီး ကျန်တဲ့ ကော်မတီဝင် ၃၀ကိုတော့ အသင်းသားတွေရဲ့ မဲစနစ် တဲ့ ရွေးချယ်တင်မြှောက်ပါတယ်။ နောက်ပိုင်းမှာတော့ အသင်းမှတ်ပုံတင်ရေးကို ဦးစားပေးဆောင်ရွက်မှာပါ။
ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်ရေးကော်မရှင်က တာဝန်ရှိသူတစ်ဦးက “အသင်းကို ကြီးမားလာအောင် ရုံး အဖွဲ့တွေနဲ့ ဖွဲ့စည်းမယ်၊ ဒီအသင်းဖွဲ့ရတဲ့ ရည်ရွယ်ချက်က စည်ပင်နယ်နိမိတ်ထဲမှာ ဆောက်လုပ်တဲ့ အ ဆောက်အအုံတွေ စည်းစနစ်တကျနဲ့ အရည်အသွေးမှီတဲ့ အိမ်ခန်းတွေ ပေါ်ထွက်လာဖို့ မြို့အင်္ဂါရပ်နဲ့ ညီ ညွတ်တဲ့ စည်းမျဉ်းတွေကို ဆွေးနွေးတင်ပြတာတွေ ပြုလုပ်နိုင်ဖိုပါ” လို့ ပြောပါတယ်။
အသင်းဝင်တွေကို အသင်းဝင်ကြေး ကျပ် ၁၀၀,၀၀၀ နဲ့ အသင်းဝင်ခွင့်ပြုထားပါတယ်။ အသင်းမှာ လိုင်စင်ရ ကန်ထရိုက်တာတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ ပတ်သတ်တဲ့ လုပ်ငန်းရှင်တွေ၊ ဆောက်လုပ်ရေးနဲ့ ပတ်သတ်တဲ့ ပညာရှင်တွေ ပါဝင်ပါတယ်။
Credit: Kumudra