ဝယ်လက်များက စောင့်ကြည့်ဝါဒကို လက်ကိုင်ထားခဲ့ကြသဖြင့် ပြီးခဲ့သည့် သီတင်းပတ်က ရှန်ဟိုင်းအိမ်ဈေးကွက်တွင် ရောင်းအားများ ခြောက်ကပ်ကပ်နိုင်ခဲ့သည်။ ဈေးကွက်ထဲ ရောက်လာသည့် အိမ်သစ်ဧရိယာသည်လည်း မရှိလုနီးဖြစ်ခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း စုစုပေါင်း ၉၇၉ စတုရန်းမီတာရှိ အိမ်သစ် ၆ လုံးသာ ဈေးကွက်ထဲ အသစ်ဝင်လာခဲ့သည်။
အစိုးရမတည်သည့် အိမ်ရာများမှအပ ရှန်ဟိုင်းတွင် အောက်တိုဘာလ ၃၀ ရက်၌ ကုန်ဆုံးခဲ့သည့် ပြီးခဲ့သည့် သီတင်းပတ်က ရောင်းချရသည့် အိမ်သစ်ဧရိယာ ၂၀၇,၀၀၀ စတုရန်းမီတာရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက် ၅ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းခဲ့သည်ဟု Shanghai Centaline အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီက အောက်တိုဘာလ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၁ စတုရန်းမီတာလျှင် ၂၆,၂၂၄ ယွမ်(၆,၈၂၅ အမေရိကန်ဒေါ်လာ) ပျမ်းမျှ ဈေးနှုန်းဖြင့် ရောင်းချခဲ့ရသည်ဖြစ်ရာ ယင်းမတိုင်မီသတင်းပတ်အောက် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရှန်ဟိုင်းတွင် ရောင်းအားအကောင်းဆုံး ပရောဂျက် ၁၀ ခုတွင် ၄ ခုမှ အိမ်ခန်းများသည် ၁ စတုရန်းမီတာလျှင် ယွမ် ၅၀၀၀၀ နှင့်အထက်ဖြင့် ရောင်းချခဲ့ရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)