မြရည်နန္ဒာ အိမ်ရာဝယ်ယူခွင့်လျှောက်လွှာနိုဝင်ဘာ ပထမပတ်တွင် ရောင်းချမည်

မြရည်နန္ဒာ အိမ်ရာဝယ်ယူခွင့်လျှောက်လွှာနိုဝင်ဘာ ပထမပတ်တွင် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1 Nov 2016 10:30 am တွင် တင်ခဲ့သည်
2319 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်သည့် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ၅၆ဝ အား ဝင်ငွေနည်းပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားများနှင့် ကုမ္ပဏီဝန်ထမ်းများအား ရောင်းချပေး မည်ဖြစ်ရာ ဝယ်ယူခွင့်လျှောက်လွှာများကို အရောင်ခွဲခြား သတ်မှတ်၍ နိုဝင်ဘာ ပထမပတ်အတွင်း စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလျှောက်လွှာများအား နိုဝင်ဘာတစ်လလုံး ရောင်းချပေးမည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်အထိ လျှောက်လွှာများကို ပြန်လည်လက်ခံကာ ဇန်နဝါရီလအတွင်း မဲနှိုက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

''လျှောက်လွှာရောင်းချမယ့်ရက်နဲ့ အသေးစိတ် မူဝါဒစည်းကမ်းချက်တွေကို သတင်းစာမှာထည့်သွင်း ကြေညာပေးမှာပါ။ ဘယ်အဖွဲ့အစည်းတွေမှာ အိမ်ရာလိုအပ်ချက်တွေ ပိုပြီးရှိနေသလဲဆိုတာ သိချင်လို့ လျှောက်လွှာကို အရောင်ခွဲခြားသတ်မှတ် ပေးခြင်းဖြစ်ပါတယ်။ ဒါမှ လိုအပ်ချက်ပေါ် မူတည်ပြီး အိမ်ရာတွေ ထပ်ဆောက်ပေးနိုင်မှာ ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။

ထို့ပြင် တိုက်ခန်းဝယ်ယူရန် လျှောက်ထား သူများအနေဖြင့် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ် ရေးဝန်ကြီးဌာန၏ ချမှတ်ထားသော မူဝါဒများနှင့် အညီ အမှန်တကယ် အိမ်ရာလိုအပ်နေသူများသာ လျှောက်ထားရရှိနိုင်ရန်
လျှောက်လွှာတွင်သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး၏ ထောက်ခံချက်အပြင် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များ၏ ထောက်ခံချက်များလည်း ပါဝင်ရမည် ဖြစ်ကြောင်း သိရသည်။

''ဖြစ်နိုင်ရင် မဲမနှိုက်ရဘဲ အားလုံးကို ရစေချင် ပေမယ့် ဒီလိုလုပ်မပေးနိုင်သေးတဲ့အချိန်မှာ အမှန်တကယ်လိုအပ်နေတဲ့သူတွေပဲ ရစေချင်တယ်။ ရပြီး ရောင်းစားနေတဲ့သူတွေလက်ထဲကို ရောက် သွားရင် အလကားပဲ။ ဒါကြောင့် အများအတွက် စဉ်းစားချင့်ချိန်ပြီး လျှောက်ထားစေချင်တယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။

တန်ဖိုးမျှတ တိုက်ခန်းဝယ်ယူရန်အတွက် လျောက်ထားသူ၏ မိသားစုပျမ်းမျှလစဉ်ဝင်ငွေ စုစုပေါင်းမှာ အနည်းဆုံး ကျပ် လေးသိန်းမှ ငါးသိန်း အထိ ဝင်ငွေရှိရမည်ဖြစ်ပြီး တိုက်ခန်းအား အရစ်ကျ လေးလလေးရစ်ဖြင့် အကျေပေးချေသောစနစ် သို့မဟုတ် ဘဏ်ချေးငွေစနစ်များဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

''တိုက်ခန်းဝယ်ယူတဲ့အခါ နိုင်ငံ့ဝန်ထမ်းဖြစ်ပါ က လုပ်သက်အနည်းဆုံး ငါးနှစ်ရှိရန်လိုအပ်ပါတယ်။ သက်ဆိုင်ရာဌာန အကြီးအကဲရဲ့ထောက်ခံချက် နဲ့အတူ ဝန်ထမ်းကတ်မိတ္တူ ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ ပင်စင်စားများဖြစ်ပါက ပင်စင်စာအုပ်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့နဲ့ လျှောက်ထားရမှာပါ။ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ကုမ္ပဏီ အကြီးအကဲ ထောက်ခံချက်ပါရှိရမယ်''ဟု ၎င်းက ဆက်လက်ပြောပြသည်။

ရောင်းချမည့်တိုက်ခန်းများကို မြေဧရိယာ ၇ ဒသမ ၆၇ ဧကပေါ်တွင် ရှစ်ခန်းတွဲ ငါးထပ် အဆောက်အအုံ ၁၄ လုံး တိုက်ခန်းပေါင်း ၅၆ဝ တည်ဆောက်ထားပြီး တစ်ခန်းလျှင် အကျယ် ၅၆၇ စတုရန်းပေရှိကာ အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်းတို့ ပါဝင်ပြီး ရောင်းချမည့်ဈေးနှုန်းမှာ တစ်ခန်းလျှင် မြေညီထပ် ကျပ် ၂၂၃ သိန်း၊ ပထမထပ် ကျပ်၂ဝ၈ သိန်း၊ ဒုတိယထပ် ကျပ် ၁၉၃ သိန်း၊ တတိယထပ် ကျပ် ၁၇၈ သိန်း၊ စတုတ္ထထပ် ကျပ် ၁၆၃ သိန်းတို့ဖြစ်ပြီး လက်ငင်းစနစ်၊ အရစ်ကျစနစ်၊ ဘဏ်ချေးငွေစနစ်များဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အရစ်ကျစနစ်ဖြင့် ဝယ်ယူမည့်သူများအနေဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ပြီး ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူပါက တိုက်ခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းအား တစ်ကြိမ်တည်း အကျေပေးချေခြင်း (သို့မဟုတ်) တစ်နှစ်အတွင်း အရစ်ကျပေးသွင်းခြင်းဖြင့် ပထမ ဦးစွာဆောင်ရွက်၍ ကျန် ၇ဝ ရာခိုင်နှုန်းကို ဘဏ်ချေး ငွေဖြင့် ရှစ်နှစ်အတွင်း လစဉ်အရစ်ကျ အကျေပေးသွင်းရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စသည့် စည်းကမ်းချက် ၁၁ ချက်ဖြင့် ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
Villa Shukhinthar
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service