လာမယ့် ငါးနှစ်အတွင်းမှာတော့ ကမ္ဘာ့စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုထဲမှာ
တရုတ်နိုင်ငံရဲ့ ထည့်ဝင်ပါဝင်မှုက ၃၀ရာခိုင်နှုန်းထိ ရှိလာလိမ့်မယ်လို့ ကျွမ်းကျင်သူတစ်ဦးက အောက်တိုဘာလ ၃၀ ရက်မှာ ပြောကြားသွားပါတယ်။
တရုတ်စီးပွားရေး တိုးတက်ပြောင်းလဲမှုက ကမ္ဘာ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့ မောင်းနှင်အားတစ်ရပ် ဖြစ်လာလိမ့်မယ်လို့
တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဌာနက ဒါရိုက်တာChi Fulin က ပြောကြားသွားတာဖြစ်ပါတယ်။
အောက်တိုဘာလ ၂၉ ရက်က ကျင်းပတဲ့ တရုတ်ပြုပြင်ပြောင်းလဲရေး
ဖိုရမ်က ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားသွားတာလည်း
ဖြစ်ပါတယ်။
နောင် ငါးနှစ်အတွင်းမှာ ကမ္ဘာ့စီးပွားရေးက တစ်ဖြည်းဖြည်းချင်း တိုးတက်ဖွံ့ထွားလာမှာဖြစ်ပြီးတော့ မျှခြေသစ်တစ်ခုလည်း ရလာဖို့ရှိတယ်လို့ ၎င်းက
ဆိုပါတယ်။
တစ်ဘက်မှာလည်း လက်ရှိ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးအသွင်ကူးပြောင်းမှုတွေက
ကမ္ဘာ့စီးပွားရေးတစ်ခုလုံးအပေါ် များစွာ သက်ရောက်လာဖို့ရှိတယ်လို့လည်း
ဆိုပါတယ်။
“ လာမယ့်ငါးနှစ်အတွင်းမှာတော့ ကမ္ဘာ့စီးပွားရေးအပေါ်မှာ တရုတ်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုကနေ ထည့်ဝင်ထောက်ကူမှုက ၂၅ ကနေ ၃၀ ရာခိုင်နှုန်းထိ ရှိလာမယ့်လို့ခန့်မှန်းရပါတယ်” လို့ ၎င်းက ပြောဆိုသွားပါတယ်။
Credit: SFJ Strategy First