သရဲနေ့တွင် စောင့်ကြည့်ရမည့် ဗြိတိန်မှ သရဲအခြောက်ဆုံး နေအိမ်ကြီးများ

သရဲနေ့တွင် စောင့်ကြည့်ရမည့် ဗြိတိန်မှ သရဲအခြောက်ဆုံး နေအိမ်ကြီးများ - Property News in Myanmar from iMyanmarHouse.com
31 Oct 2016 11:33 am တွင် တင်ခဲ့သည်
2621 ကြိမ် ကြည့်ရှု့ပြီး
အောက်တိုဘာလ ၃၁ ရက်သည် သရဲနေ့ (Halloween day) ဖြစ်သည်။သရဲနေ့ကို ကျင်းပသည်မှာ
သရဲနေ့ ပေါ်ပေါက်လာပုံကို ခြေရာခံကြည့်မည်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်ပြည် မြောက်ပိုင်းတို့တွင် ဆဲလ်တစ်လူမျိုးတို့၏ ရိုးရာပွဲတော်ဖြစ်သော ဆောင်အင်းပွဲတော် Celtic festival of Samhain ကို နိုဝင်ဘာလ တစ်ရက်တွင် ကျင်းပလေ့ရှိကြသည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအကြားတွင် နယ်ခြားစည်းတစ်ခုရှိကြောင်း ဆဲလ်တစ်တို့က ယုံကြည်ကြသည်။
နှစ်သစ်ကူးမတိုင်မီတစ်ရက်တွင် သေဆုံးသူတို့၏ ၀ိဥာဉ်များသည် ကမ္ဘာမြေသို့ ပြန်လာကြသည်ဟု ယုံကြည်ကြခြင်းကြောင့် အောက်တိုဘာ ၃၁ ရက်တွင် ဆောင်အင်းပွဲတော်ကို ကျင်းပကြခြင်း ဖြစ်သည်။

ကမ္ဘာမြေသို့ ပြန်လာသောသရဲ၊ တစ္ဆေများကို ခြောက်လှန့်မောင်းထုတ်ရန် ရည်ရွယ်၍ မီးပုံပွဲများပြုလုပ်ခြင်း၊ သရဲများကို ပြန်လည်ခြောက်လှန့်ရန် ၀တ်စားပြင်ဆင်ခြင်းများ ပြုလုပ်ကြသည်။

သရဲနေ့တွင် အင်္ဂလန်တွင် စောင့်ကြည့်ရမည့် သရဲအခြောက်ဆုံး နေအိမ်ကြီး သုံးလုံးမှာ...........

(၁) နော့သ်သန်ဘာလန်ရှိ အင်းဝစ်ခ်ရဲတိုက်

ယင်းရဲတိုက်ကြီးသည် သက်တမ်းနှစ်ပေါင်း ၁၀၀၀ ကျော်ရှိခဲ့ပြီဖြစ်ပြီး တေ စ္ဆ၊ သရဲအမြဲတစ်ကောင်နှစ်ကောင်တွေ့ရလေ့ရှိသည်ဟု နာမည်ကျော်သည်။
အထူးသဖြင့်ခါးကုန်းကုန်းသွေးစုပ်ဖုတ်ကောင်ကြီးတစ်ကောင်သည် ညဘက်တွင် သင်္ချိုင်းမြေပုံမှ ထလာလေ့ရှိသည်ဟု နာမည်ကျော်သည်။
ယင်းဖြစ်ရပ်မှာ ၁၂ ရာစုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ၀ီလျံ ဒီ နယူးဘာ့ဂ်ျအမည်ရှိ ပုဂ္ဂိုလ်တစ်ဦးက အဆိုပါဖြစ်ရပ်ကို မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။
ထိုသွေးစုပ်ဖုတ်ကောင်ကြီးသည် ရဲတိုက်ထဲတွင် လျှောက်သွားနေလေ့ရှိသည်ဟု ဆိုသည်။
နောက်ဆုံးတွင် ရဲတိုက်အနီးကျေးရွာမှ ဘုန်းတော်ကြီးတစ်ဦးက မိ စ္ဆာကောင်ကြီး၏ ရုပ်အလောင်းတွင် အသည်းနှလုံးနေရာသို့ စူးချွန်တစ်ခုဖြင့် ရိုက်သွင်းလိုက်ပြီးနောက်ပိုင်း သွေးစုပ်ဖုတ်ကောင်ကြီး စခန်းသိမ်းသွားခဲ့သည်ဟု ဆိုကြသည်။

(၂) ကန်ဘရီယာရှိ မွန်ကက်စတာ ရဲတိုက်

၁၉ ရာစုအစောပိုင်းတွင် မွန်ကက်စတာရဲတိုက်ကြီးအနီး၌ မေရီဘရက်ဂ်ျအမည်ရှိ မိန်းကလေးငယ်တစ်ဦး အသတ်ခံခဲ့ရသည်။
ယင်းနောက်ပိုင်း တေ စ္ဆဖြစ်ကာ အနီးဝန်းကျင်တွင် ခြောက်လှန့်ခြင်းများ ခံခဲ့ကြရသည်။
ရဲတိုက်ကြီးသို့လာရောက်ခဲ့ဖူးသူများစွာမှာ သွေးပျက်ဖွယ် ခြောက်လှန့်မှုများ ကြုံကြရလေ့ရှိသည်။
တံခါးလက်ကိုင် အလိုအလျောက်လည်သွားကာ တံခါးပွင့်သွားခြင်း၊ ကလေးငယ်တစ်ဦး၏ တိုးသဲ့သဲ့ငိုကြွေးသံကြားရခြင်းများ ကြုံကြရသည်။

(၃) နော်ဖော့ခ်ရှိ ဘလစ်ခ်လင်းခန်းမ

ဒေသခံများသည်ဘလစ်ခ်လင်းခန်းမကြီးအနီးသို့ နေ၀င်ရီတရောအချိန်တွင် မည်သူမျှ မသွားရဲကြ။
ယင်းခန်းမသည် ယခင်က အင်နီဘိုးလင်းမိသားစုနေထိုင်ခဲ့သော နေအိမ်ကြီးဖြစ်၏။
အင်္ဂလန်ဘုရင် ဟင်နရီ VIII တွင် ကြင်ယာတော်မိဖုရား ၆ ပါးရှိသည့်အနက် ကြင်ယာတော်တစ်ဦးဖြစ်သူ အင်နီဘိုးလင်းသည် သစ္စာဖောက်မှု၊ စုန်းဖြစ်သည်ဟု စွပ်စွဲချက်များဖြင့် ခေါင်းဖြတ်ကာ ကွပ်မျက်ခံခဲ့ရခြင်း ဖြစ်သည်။
အင်နီဘိုးလင်းသည် အဆိုပါခန်းမကြီးအတွင်း ခြောက်လှန့်တတ်သည်ဟု ဆိုကြပြီး ပေါင်ပေါ်တွင် ခေါင်းပြတ်ကြီးတင်ကာ ထိုင်နေသည်ကို တွေ့ကြသူများစွာရှိသည်ဟု ဆို၏။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သရဲနေ့တွင် စောင့်ကြည့်ရမည့် ဗြိတိန်မှ သရဲအခြောက်ဆုံး နေအိမ်ကြီးများ - Property News in Myanmar from iMyanmarHouse.com
သရဲနေ့တွင် စောင့်ကြည့်ရမည့် ဗြိတိန်မှ သရဲအခြောက်ဆုံး နေအိမ်ကြီးများ - Property News in Myanmar from iMyanmarHouse.com
သရဲနေ့တွင် စောင့်ကြည့်ရမည့် ဗြိတိန်မှ သရဲအခြောက်ဆုံး နေအိမ်ကြီးများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

Maha Nadi Condominium
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service