ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အငှားဈေးကွက်အတွင်းမှာ ကျပ် ၁၀၀,၀၀၀ ဝန်းကျင် လုံးချင်းအိမ်တွေထက် လူစည် ကားမှု ပိုများတဲ့ အထပ်မြင့် ကန်ထရိုက်တိုက်ခန်းတွေကို စိတ်ဝင်စားမှု ပိုများတယ်လို့ အကျိုးဆောင်တချို့ ထံက သိရပါတယ်။
“လုံးချင်းအိမ်ကို ကျပ် ၁၀၀,၀၀၀ ဝန်းကျင်ဆိုရင် အိမ်ရှင်နဲ့ တွဲနေရတာတွေ ရှိသလို အိမ်က ကျဉ်းတာနဲ့ မြို့အစွန်ဘက် ရောက်သွားတာတွေ များတယ်၊ ပြီးတော့ လုံးချင်းဆိုရင် အနည်းဆုံး ခြောက်လချုပ်ရတယ်၊ စပေါ်နဲ့ လက်ခံတာ မရှိတော့ အများစုက တိုက်ခန်းကို ပိုမေးလာကြတယ်” လို့ ရွှေရွက်ဝါ အိမ်ခြံမြေ အ ကျိုးဆောင်လုပ်ငန်းက ကိုအောင်နိုင်က ပြောပါတယ်။
ကန်ထရိုက်တိုက်ခန်းတွေက ငှားရမ်းခ ကျပ် ၈၀,၀၀၀ ကနေ ကျပ် ၂၀၀,၀၀၀ ဝန်းကျင်အထိ ရှိပြီး မြို့ထဲနဲ့ ဆက်စပ်မြို့နယ်တွေမှာ ဆောက်လုပ်ငှားရမ်းကြတာ များပါတယ်။ အခန်းအကျယ်အဝန်းတွေကလည်း နောက်ပိုင်းတိုက်တွေက ၁၈ ပေ x ၅၅ ပေ တိုက်တွေ များတာကြောင့် လုံးချင်းအိမ်ခန်းအကျယ်နဲ့ တန်းတူ လောက် ဖြစ်ပါတယ်။ ဆောက်လုပ်ထားတဲ့ ကာလကလည်း ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်လောက်က တည် ဆောက်ကြတာများလို့ နေရာတိုင်းလိုလိုမှာ တိုက်ခန်းအသစ်တွေကို ငှားလာကြပါတယ်။
စာချုပ်ချုပ်ဆိုတဲ့အခါမှာလည်း လချင်းပေး စပေါ်ကနေ သုံးလပေး လချုပ်တွေပါ လက်ခံကြလို့ လူငယ် ပိုင်း နဲ့ မြို့ထဲမှာ အလုပ် လုပ်ကိုင်သူအများစုက အထပ်မြင့်တွေအပေါ် ရွှေ့ပြောင်းလာကြပါတယ်။ သည်နေရာ တွေရဲ့ သွားလာရမှုတွေက အဆင်ပြေတာကြောင့် လူငယ်ပိုင်းတွေသာမက လူကြီးပိုင်းတွေပါ အနေများ လာကြပါတယ်။
Credit: The Modern