ဈေးတန့်နေတဲ့ ပြည်တွင်းရွှေကဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေးတက်လာတာကြောင့် တစ်ကျပ်သားကို ကျပ် ၁၀၀၀၀ ၀န်းကျင်ဈေးတက်လာပါတယ်။
အရင်ရက်ပိုင်းတွေတုန်းက ပြည်တွင်းရွှေဈေးမတက်ဘဲ တန့်နေခဲ့တာပါ။ပြည်တွင်းရွှေဈေးက ကျပ် ၈၆၇၀၀၀ ကျော်ရှိရာကနေ ကျပ် ၈၇၈၀၀၀ ကျော်အဖြစ်ဈေးတက်လာတာဖြစ်တယ်။
ရွှေဈေးကျွမ်းကျင်သူ တစ်ဦးက ကမ္ဘာ့ရွှေဈေး ၁၀ ဒေါ်လာတက်ရင်ပြည်တွင်းရွှေဈေးနှုန်း ၅၀၀၀ ကျော်တက်တာလို့ အကြမ်းဖျင်းတွက်လို့ရတယ်၊ဒါကိုသိတဲ့ တချို့ ၀ယ်ရောင်းသမားတွေက ကမ္ဘာ့ဈေးကတက်နေပြီ ပြည်တွင်းရွှေဈေးကမတက်သေးဘူး ဆိုတာဝယ်တက်ကြပါတယ်၊ကမ္ဘာ့ဈေး ဘယ်လောက်တက်တက် ၀ယ်လိုအားနည်းပြီး ရောင်းလိုအား များရင်ဈေးတက်သင့် သလောက်မတက်ပါဘူး၊ပြည်တွင်းရွှေဈေး ရှစ်သိန်းလောက်ဆို ရောင်းလိုအားများပြီး ၀ယ်လိုအားနည်းတက်တဲ့ သဘောတွေတော့ရှိတယ်လို့ ဈေးကွက်အကြောင်းရှင်းပြပါတယ်။
သည်နေ့မှာ ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၈၇၈၅၀၀ ရှိပြီး ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၂၆၆ ဒေါ်လာရှိပါတယ်။ဒေါ်လာဈေးကတော့ တစ်ဒေါ်လာကို ကျပ် ၁၂၉၅ ရှိတယ်။
Credit : The Modern