ကွန်ဒိုဥပဒေ Condo Law မှာ ယခင်အစိုးရလက်ထက်ကတည်းကရေးဆွဲပြီးခဲ့သော ဥပဒေတစ်ရပ်ဖြစ်သော်လည်း အပြီးသတ်ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိကာ ယခုနှစ်အတွင်း၌ ထုတ်ပြန်သွားဖွယ်ရှိကြောင်း အစိုးရနှင့်နီးစပ်သော အိမ် ခြံ မြေ အကျိုးဆောင်တစ်ဦးမှ ပြောပြသည်။
""ဒီ ကွန်ဒိုဥပဒေ က ဒီနှစ်ထဲမှာဘဲ ထွက်လာဖို့ရှိပါတယ်။အခုလောလောဆယ်မှာလည်း Condo law အတည်ဖြစ်ဖို့အတွက် အပတ်တကုတ်လုပ်နေတယ်လို့ ကြားပါတယ်။ကျွန်တော်တို့လည်း ဒီဥပဒေ ထွက်လာဖို့အတွက်မျှော်နေတာပါ။လောလောဆယ်မှာ ဒီဥပဒေ မထုတ်ပြန်နိုင်သေးတာက ဥပဒေရဲ့ ယိုကွက် ဟာကွက် တွေကိုပညာရှင်တွေက ပြန်ပြင်နေတာတွေရှိ
တယ်။""ဟု ရန်ကုန်အခြေစိုက် အိမ်ခြံ မြေ အကျိုးဆောင်တစ်ဦးမှ ပြောပြသည်။
လက်ရှိရေးဆွဲနေသော ကွန်ဒို ဥပဒေသည် ထွက်ပေါ်လာချိန်နှောင့်နှေးနေသောကြောင့် ပြည်ပ
ရင်းနှီးမြုပ်နှံသူများအတွက် အိမ် ခြံ မြေ နှင့်စပ်လျဉ်း၍ အဟန့်အတားတစ်ခုသဖွယ်ဖြစ်နေပေသည်။အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း ၊ စင်ကာပူ ၊တရုတ် ၊ ဗီယက်နမ် အစရှိသည့် နိုင်ငံများတွင် ကွန်ဒို ဥပဒေပြဌာန်းအသက်ဝင်ပြီးဖြစ်ကြောင်းလည်းသိရသည်။
မြန်မာနိုင်ငံ၏ ကွန်ဒိုဥပဒေတွင်မူ နိုင်ငံခြားသားပိုင်ဆိုင်မှုအား လေးဆယ်ရာခိုင်နှုန်းအထိ ခွင့်ပြုပေးထားကြောင်းလည်းသိရသည်။
""တကယ်လို့ ကွန်ဒိုလော ပြီးသွားရင်တော့ အိမ် ခြံ မြေ က ပိုကောင်းလာမှာပေါ့။အခုဒီမှာစီးပွားရေးလာလုပ်နေတဲ့
နိုင်ငံခြားသားတွေအနေနဲ့ ဝယ်ယူခွင့်ရမယ်ဆိုရင် ဝယ်ကြမှာဘဲလေ။အငှားထက်စာရင် အများကြီး အဆင်ပြေမယ်လေ။တကယ်လို့ ပြီးသွားရင်တော့ အများကြီးကောင်းသွားမှာပါ။""ဟု ရန်ကုန်အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးစိုင်းခွန်နောင်မှသုံးသပ် ပြောပြခဲ့သည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com