အိမ်ခြံမြေ အပေါင်ဆုံးသည့် ဖြစ်ရပ်များ ဈေးကွက်အတွင်းပိုမိုများလာ

အိမ်ခြံမြေ အပေါင်ဆုံးသည့် ဖြစ်ရပ်များ ဈေးကွက်အတွင်းပိုမိုများလာ - Property News in Myanmar from iMyanmarHouse.com
27 Oct 2016 11:21 am တွင် တင်ခဲ့သည်
1861 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက်အတွင်း၌ အရောင်း အ၀ယ်ထက် အိမ်ခြံမြေပေါင်နှံမှုများ
ပိုမို များပြားလာနေပြီး ပေါင်နှံထားသည့် အိမ်ခြံ မြေများကို ပြန်လည်ရွေးယူနိုင်ခြင်း
မရှိသည့် ဖြစ်ရပ်များ တစ်နေ့တခြား ပိုမိုများပြားလာ နေကြောင်း မြန်မာနိုင်ငံ
အိမ်ခြံမြေ၀န်ဆောင် မှုအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက
အောက်တိုဘာ ၁၉ ရက်၌ မြန်မာတိုင်း(မ်)ကို ပြောသည်။

"အိမ်ခြံမြေဈေးကွက်ထဲကို သာမန်ပြည်သူတွေ၊ လူလတ်တန်းစားတွေက
ရှိစုမဲ့စုနဲ့ ၀င်လာ ကြတဲ့ လူတွေရှိသလို တချို့ဆို မြတ်မလား ဆိုပြီး ပေါင်နှံချေးငှားပြီးမှ
ဝင်လာကြတဲ့လူ တွေလည်း ရှိတယ်။ ဒီလူတွေက ဈေးကွက် အေးတာကြာတော့
စရိတ်တက်တဲ့ဒဏ်၊ အတိုးတက်တဲ့ဒဏ်ကို မခံနိုင်ကြတော့ ၀ယ်ထားတာတွေကို
ပြန်ရောင်းချင်ကြတယ်။ အိမ်ခြံမြေဈေးကွက်ကြီး အရမ်းထိုင်းမှိုင်းလာတော့
ဝယ်လက်တွေက ရှားသွားတယ်။ ရှိတဲ့ဝယ်လက်တွေကလည်း အောက်ဈေးနဲ့ပဲ
ဝယ်ကြတော့ ပေါင်နှံတဲ့ကိစ္စတွေ ဖြစ်လာတယ်။ မျှော်လင့်ချက်နဲ့ တခြားစီးပွားရေး
ကနေ ငွေပြန်ဝင်လာကြမယ်ထင်ပြီး အိမ်တွေ မြေတွေ ပေါင်ကြတာများတယ်။
အိမ်ပေါင်ပြီး ရတဲ့ငွေနဲ့လုပ်တဲ့ တခြားစီးပွားရေးတွေက လည်း အဆင်မပြေကြတော့
ပေါင်ထားတဲ့ အိမ်တွေအတွက် လစဉ် အတိုးတွေတက်၊ အချိန်တွေကြာလာပြီး
ပေါင်ထားတဲ့ အိမ်ခြံ မြေပါ ပြန်မရွေးနိုင်တော့လို့ ဆုံးကုန်တာ အခုနောက်ပိုင်းမှာ
တော်တော်များလာတယ်" ဟု ၎င်းက ပြောသည်။

ကာလရှည်ကြာ အရောင်းအ၀ယ်အေး စက်နေသည့် အိမ်ခြံမြေဈေးကွက်အတွင်း၌
ငွေကြေးလိုအပ်သူများက မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံမြေများကို ပေါင်နှံလာကြသည့်
အတွက် အပေါင်ဈေးကွက် တွင်ကျယ်လျက်ရှိသည်။

အိမ်ခြံမြေ၊ ကွန်ဒိုတိုက်ခန်းများကို အရောင်း အ၀ယ်ပြုလုပ်ရာတွင် ရောင်းချသည့်တန်ဖိုး၏
ငွေကျပ် ၁၀၀ လျှင် နှစ်ကျပ်အတိုးနှုန်းဖြင့် အကျိုးဆောင်ခ ရယူလုပ်ကိုင်ကြခြင်းဖြစ်ပြီး၊
အပေါင်ဈေးကွက်တွင်မူ ပေါင်နှံသူက ငွေရှင် ထံသို့ လစဉ်ပေးရမည့် အတိုးနှုန်း၏ တစ်လစာကို
အကျိုးဆောင်ခအဖြစ် ရယူလုပ်ကိုင် လျက်ရှိသည်။

"ဈေးကွက်ပေါက်ဈေးရဲ့ တစ်ဝက်ဈေးနဲ့ အရောင်းအ၀ယ်စာချုပ်ချုပ်ပြီး အပေါင်ခံတာများတယ်။
နှစ်အချက်က လက်ရောက် ရယူမှုကိုငွေရှင်ဘက်ကို အပြည့်ပေးရတယ်။ ရှင်းရှင်း
လင်းလင်းပြောရရင် အိမ်ပေါ်ကနေ လူဆင်းပေးရတဲ့အပြင် တံခါးပိတ်ပြီး ငွေရှင်ကို
သော့ပါအပ်လိုက်ရတယ်။ အခုအပေါင် ဆုံးတဲ့ ပြဿနာတွေက အိမ်ခြံမြေဈေးကွက်
ကလည်း ပြန်တက်မလာတဲ့အပြင် တခြား စီးပွားရေးကလည်း မကောင်းတော့
ပြန်မရွေး နိုင်တော့ဘဲ ဆုံးရှုံးကုန်တာဖြစ်တယ်။ လူမဆင်းရင်တော့ ငွေရှင်က
အပေါင်မခံဘူး" ဟု ၎င်းက ပြောသည်။

၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ အိမ်ခြံမြေဈေးကွက်အတွင်း ၀ယ်လက်များ
မရှိသလောက် နည်းပါးသွားသည့်အတွက် ယနေ့အချိန်ထိဆိုလျှင် အိမ်ခြံမြေဈေးကွက်
ကျဆင်းလျက်ရှိသည်မှာ တစ်နှစ်ခွဲကျော်၊ နှစ်နှစ်နီးပါး ကာလအတွင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

ကွန်ဒိုမီနီယမ်တိုက်ခန်းများ၊ လူနေတိုက်ခန်းများထက် လုံးချင်းအိမ်များ၊ မြေကွက်များကို
ပိုမိုပေါင်နှံမှု များပြား ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

အိမ်ခြံမြေပေါင်နှံသူအများစုမှာ ငွေကြေးလည်ပတ်ရန် မိမိပိုင် အိမ်ခြံမြေများကို
ပေါင်နှံကာ အခြားစီးပွားရေးလုပ်ငန်းများ တွင် ထည့်သွင်းရင်းနှီးမြှုပ်နှံမှုပြုပြီး
ပြန်လည် မြတ်စွန်းသည့် အမြတ်ဖြင့် ပေါင်နှံထားသည့် အိမ်ခြံမြေများကို
ပြန်လည်ရွေးယူနိုင်သည့် စိတ်ကူးများဖြင့် ပေါင်နှံကြခြင်းရှိသလို ငွေကြေးလိုအပ်
သည့်အတွက် ပေါင်နှံသူများ လည်း အများအပြားရှိနေဆဲဖြစ်သည်။

အိမ်ခြံမြေဈေးကွက်ကျဆင်းမှု ကာလတာရှည်လာခြင်း၊ ပြန်လည်ရောင်းချရာတွင်လည်း
ဝယ်ယူသူအများစုကနိမ့်ပါးသည့် ဈေးနှုန်းများဖြင့်သာ ၀ယ်ယူလိုခြင်းကြောင့် မိမိတို့ပိုင်ဆိုင်သည့်
အိမ်ခြံမြေများကိုငွေကြေးလည်ပတ်စေရန် ပေါင်နှံကြခြင်းဖြစ်သည်။

ပေါင်နှံသည့်အချိန်တွင် ငွေရှင် ဘက်က ပေါင်နှံလိုသည့် အိမ်ခြံမြေကို ဈေးကွက်ပေါက်ဈေး၏
ထက်ဝက် ပမာဏရှိနိုင်သည့် ငွေကြေးကိုသာ အများဆုံး ငွေထုတ် ချေးပေးသည့်
ငွေရှင်များရှိသကဲ့သို့ ဈေးကွက် ပေါက်ဈေး၏ ၃၀ ရာခိုင်နှုန်းကိုသာ ငွေထုတ်ချေးသည့်
ငွေရှင်များလည်း ရှိနေဆဲဖြစ်သည်။

ထို့ပြင် ငွေရှင်များက ပိုင်ဆိုင်မှု ခိုင်မာ သေချာစေရန် အရောင်းအ၀ယ်စာချုပ် များအပြင်
သတ်မှတ်ကာလအတွင်း ပြန်လည် ရွေးယူနိုင်သည့် အပေါင်စာချုပ်များကို ပူးတွဲချုပ်ဆိုကာ
ငွေထုတ်ချေးသည့်စနစ် ကို ကျင့်သုံးလျက်ရှိပြီး ကျပ် ၁၀၀ လျှင် ခြောက်ကျပ်အတိုးနှုန်းဖြင့်
ရယူလုပ်ကိုင် လျက်ရှိသည်။

အပေါင်ခံသည့် ကာလကို လည်း အများဆုံး ခြောက်လမှ တစ်နှစ် အတွင်း ပြန်လည်ရွေးယူရန်
တစ်ပါတည်း သတ်မှတ်ကာ စာချုပ်များတွင် ထည့်သွင်းချုပ်ဆို ပေါင်နှံကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြင်ပပေါင်နှံခြင်းကို ဥပဒေအရ အသိအမှတ်ပြုထားခြင်း မရှိသည့် အတွက်
ပေါင်နှံလိုသည့် အဆောက်အအုံ များကို အသိသက်သေများဖြင့် အရောင်း အ၀ယ်
စာချုပ်များချုပ်ဆိုကာ ပေါင်နှံလိုသူ နှင့် ငွေရှင်နှစ်ဦး သဘောတူညီချက်များဖြင့်
လုပ်ကိုင်နေကြခြင်းဖြစ်သည်။

"အခုနောက်ပိုင်းဆိုရင် ကာလတန်ဖိုးရဲ့ သုံးချိုးတစ်ချိုးလောက်ပဲ ငွေရှင်ဘက်က
ပေးတော့တယ်။ အဲဒါတောင် ပြန်မရွေးနိုင် တော့တဲ့လူတွေ အများကြီး။ ရောင်းမယ်ဆိုရင်
လည်း ၀ယ်လက်က အောက်ဈေးလောက် ပဲပေးကြတော့ ပေါင်ကြတယ်။ အတိုးအရင်း
မပေးနိုင်လို့ အဆုံးခံလိုက်တဲ့လူတွေရှိသလို တချို့ကျတော့လည်း ငွေရှင်နဲ့ညှိပြီး ရတဲ့ဈေး နဲ့
ပြန်ရောင်း၊ ငွေရှင်ကို ပေးစရာ ရှင်းစရာ ရှိတာရှင်းပြီး ပိုတဲ့ငွေလေး သုံးပေါ့။ အဓိက
ပြဿနာကတော့ နေရာတိုင်းမှာ စီးပွားရေး မကောင်းလို့ အပေါင်ဆုံးတွေ ဖြစ်ကုန်တာ" ဟု
ဒဂုံမြို့သစ်မြောက်ပိုင်း အေးရိပ်စံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ပိုင်ရှင် ဒေါ်နီလာကျော်က
ပြောသည်။

အိမ်ခြံမြေများကို ဘဏ်များတွင် သွား ရောက်ပေါင်နှံရာတွင် ပြင်ပငွေရှင်များထံသို့ ပေးရသည့်
အတိုးနှုန်းထက် ဘဏ်များက ရယူသည့်အတိုးနှုန်း အလွန်သက်သာမှု ရှိသည့် အားသာချက်များ
ရှိသော်လည်း များပြားလှသည့် စာရွက်စာတမ်း အဆင့်ဆင့် ဖြတ်သန်းရခြင်း၊ ၀င်ငွေရရှိနိုင်သည့်
လုပ်ငန်း များကို ပြသရခြင်းကြောင့် အများစုမှာ ပြင်ပ လုပ်ငန်းရှင်များထံ၌သာ သတ်မှတ်အတိုးနှုန်း
တစ်ခုဖြင့် ပေါင်နှံနေကြရခြင်းဖြစ်သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service