နယူးယောက်ဆောက်လုပ်ရေးလုပ်ငန်းရှင်သူဌေးကြီး လွိုက်ဂိုးမန်းပိုင်ဆိုင်သော လူနေခန်းငှားရမ်းနေထိုင်သူ၏ တံခါးဝတွင် တပ်ဆင်ထားသောကင်မရာဖြုတ်မှုဖြင့် ရှေ့နေတစ်ဦး တရားစွဲခံရ

နယူးယောက်ဆောက်လုပ်ရေးလုပ်ငန်းရှင်သူဌေးကြီး လွိုက်ဂိုးမန်းပိုင်ဆိုင်သော လူနေခန်းငှားရမ်းနေထိုင်သူ၏ တံခါးဝတွင် တပ်ဆင်ထားသောကင်မရာဖြုတ်မှုဖြင့် ရှေ့နေတစ်ဦး တရားစွဲခံရ - Property News in Myanmar from iMyanmarHouse.com
27 Oct 2016 11:03 am တွင် တင်ခဲ့သည်
1081 ကြိမ် ကြည့်ရှု့ပြီး
နယူးယောက်အခြေစိုက် နာမည်ကျော် ဆောက်လုပ်ရေးလုပ်ငန်းရှင်သူဌေးကြီး လွိုက်ဂိုးမန်းပိုင်ဆိုင်သည့် လူနေတိုက်ခန်း အဆောက်အအုံမှ စောင့်ကြည့်ရေးကင်မရာကို ဖယ်ရှားခဲ့သည့် ရှေ့နေတစ်ဦးသည် တရားရုံးတွင် ကန်ဒေါ်လာ ၇၀၀ ဒဏ်ငွေ ပေးဆောင်ခဲ့ရကြောင်း နယူးယောက်အခြေစိုက်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြသည်။

ယင်းဖြစ်ရပ်မှာ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင်မှအပြီးသတ်အဖြေထွက်ခဲ့ခြင်းလည်း
ဖြစ်သည်။ရှေ့နေ အာသာ ရှဝပ်ဇ်က အဆိုပါစောင့်ကြည့်ရေးကင်မရာသည် ၎င်း၏အမှုသည် ရုသ်ဘာ့ခ်၏ နေအိမ်ခန်းကို အနှောင့်အယှက်ပေးရန် အသုံးပြုခဲ့သည့် ကင်မရာဖြစ်သည်ဟု လျှောက်လှဲခဲ့သည်။

ရုသ်ဘာ့ခ်သည် အသက် ၉၄ နှစ်ရှိပြီဖြစ်သည့် အဘွားအိုတစ်ဦးဖြစ်ပြီး နယူးယောက်မြို့ West Village၊ ခရစ္စတိုဖာလမ်း အမှတ် ၉၅ ရှိ penthouse ခန်း ဖြစ်သည်။
“သက်ကြီးရွယ်အိုတစ်ဦးအပေါ် မြေရှင်ကနေ နှောင့်ယှက်မှုတွေ ရပ်တန့်သွားစေဖို့ အထောက်အကူဖြစ်စေမယ်ဆိုရင် ဒီငွေပမာဏကို ကျွန်တော်ဝမ်းမြောက်ဝမ်းသာပေးပါမယ်”ဟု ရှဝပ်ဇ်က ပြောကြားသည်။

ယင်းကင်မရာသည် ရုသ်ဘာ့ခ်၏ နေအိမ်ခန်း တံခါးဝအပေါ်တွင် တပ်ဆင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ရုသ်ဘာ့ခ်၏ ရှေ့နေဖြစ်သူ အာသာရှဝပ်ဇ်က ယင်းကင်မရာအားဖြုတ်သိမ်းကာ ရှေ့နေချုပ်ရုံးသို့ပေးပို့ရာတွင် ရှဝပ်ဇ်အား ခိုးမှုဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ရှဝပ်ဇ်က ပြောကြားရာတွင် ၎င်း၏ အမှုသည်အား နေအိမ်ခန်းမှ နှင်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ကင်မရာကိုတပ်ဆင်ထားခြင်းကြောင့် ဖြုတ်ယူခြင်းဖြစ်သည်ဟု ပြောကြားသည်။

ရုသ်ဘာ့ခ်သည် အခန်းငှားခအဖြစ် တစ်လလျှင် ဒေါ်လာ ၇၀၀ ပေးရသည်သည်ဆိုသည်။
ပိုင်ရှင်ဖြစ်သူ ဂိုးမန်းက ပြောကြားရာတွင် ရုသ်ဘာ့ခ်သည် အိမ်ငှားခအကြွေး ဒေါ်လာ ၂၇၀၀၀ ခန့် မပေးဆောင်ကြောင်း ပြောကြားသည်။
အဘွားအိုဘာ့ခ်သည် ယခင်က ညကလပ်တွင် အဆိုတော်အဖြစ် အသက်မွေးခဲ့သူဖြစ်သည်။
ယင်းတိုက်ခန်းတွင် ၁၉၆၁ ခုနှစ်မှ စတင်နေထိုင်ခဲ့ပြီး လက်ရှိအားဖြင့် သမီးဖြစ်သူနှင့်အတူနေထိုင်လျက်ရှိသည်။
ယင်းအဆောက်အအုံရှိ အထပ်တူအခြားအခန်းသည် တစ်လလျှင် အိမ်ငှားခ ကန်ဒေါ်လာ ၇၀၀၀ ခန့်ပေးရသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

imyanmarmarket
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service