လိုင်စင်မဲ့အဆောင် ငှားရမ်းမှုများကို စိစစ်အရေးယူသွားမည်

လိုင်စင်မဲ့အဆောင် ငှားရမ်းမှုများကို စိစစ်အရေးယူသွားမည် - Property News in Myanmar from iMyanmarHouse.com
27 Oct 2016 10:43 am တွင် တင်ခဲ့သည်
1126 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း လုပ်ငန်းလိုင်စင်လျှောက်
ထားခြင်းမရှိဘဲ အခကြေးငွေရယူကာ လူနေအိမ်များ၊ တိုက်ခန်းများကို အဆောင်အဖြစ်
ဖွင့်လှစ်ငှားရမ်းမှုများ အများအပြားရှိလာနေ သည့်အတွက် မြို့နယ်အလိုက် စစ်ဆေးကာ
ဥပဒေနှင့်အညီ ဆက်လက်အရေးယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်
စည်ပင်သာယာရေးကော်မတီထံမှ သတင်းရရှိသည်။

"အဆောင်ဆိုတာက အဆောင်စည်ကမ်း နဲ့အညီ လိုင်စင်တင်ပြရမယ်။ လိုင်စင်
လျှောက်ပြီးမှလုပ်ရမှာ လူတွေမသိတာလည်း ဖြစ်ချင်ဖြစ်နိုင်ပေမဲ့ သိလျက်နဲ့ မလိုက်နာဘဲ
လုပ်နေတဲ့ အဆောင်တွေလည်း ရှိနိုင်တယ်။ ဝင်စစ်ဖို့အတွက် မြို့နယ်အလိုက် တာဝန်
ပေးထားတာ ရှိပါတယ်။ သူတို့ကို လွှတ်ပေး ထားတာလားဆိုတော့လည်း မဟုတ်ပါဘူး။
မြို့နယ်စည်ပင်ကလူတွေအနေနဲ့ အလုပ်က လည်း အရမ်းများပါတယ်။ မြို့နယ်အတွင်းမှာ
လိုင်စင်မဲ့လုပ်ငန်းတွေကို စစ်ဆေးရင်းနဲ့ အဆောင်တွေ လိုင်စင်မရှိဘဲနဲ့ လုပ်နေတာ
တွေ့ရင် နို့တစ်ပေး၊ အကြောင်းကြားတယ်။ လိုင်စင်တင်ဖို့အတွက် နှိုးဆော်တယ်။
နို့တစ် ပေးရဲ့သားနဲ့ လာပြီး လိုင်စင်မတင်ရင်တော့ စည်ပင်ဥပဒေအရ အရေးယူနေပါတယ်"ဟု
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ဒုတိယဌာနမှူး ဦးလှကြိုင်မှ
အောက်တိုဘာ ၂၁ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

ရန်ကုန်မြို့တော်အတွင်း၌ လူနေတိုက်ခန်းများ၊ လူနေအိမ်များကို ငှားရမ်းကာ
အခကြေးငွေရယူပြီး အဆောင်အဖြစ် ဖွင့်လှစ် လုပ်ကိုင်သူများ ရှိလာသကဲ့သို့ အချို့သော
အိမ်ပိုင်ရှင် တိုက်ခန်းပိုင်ရှင်များ ကိုယ်တိုင် အဆောင်အဖြစ် ဖွင့်လှစ်ငှားရမ်းမှုများလည်း
တစ်နေ့တခြား များပြားလာလျက်ရှိသည်။ လူနေအဆောင်များ ဖွင့်လှစ်လာသည့် အတွက်
ပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်စေရေး၊ အဆောင်နေပြည်သူများ သက်သာချောင်ချိ စွာ
နေထိုင်နိုင်ရေးအတွက် စည်းစနစ်တကျ လုပ်ငန်းလိုင်စင်ရယူပြီးမှသာ စနစ်တကျ
ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ
လုပ်ဆောင်လျက်ရှိသည်။

လုပ်ငန်းလိုင်စင်ရရှိပြီးမှသာ အဆောင်အဖြစ် ငှားရမ်းလုပ်ကိုင်ခွင့် ရှိသော်လည်း
ရန်ကုန်မြို့တော်အတွင်း၌ လုပ်ငန်းလိုင်စင်မရှိဘဲ အဆောင်အဖြစ် ငှားရမ်းလုပ်ကိုင်မှုများကို
တွေ့ရှိနေရဆဲဖြစ်သည့်အတွက် သတိ ပေးအကြောင်းကြားစာပေးပို့ပြီး လုပ်ငန်း လိုင်စင်များ
လျှောက်ထားစေခြင်းများကို ပြုလုပ်ပေးလျက်ရှိသည်။

"လုပ်ငန်းလိုင်စင်မရှိဘဲ အလုပ်တွေလုပ်နေကြမယ်ဆိုရင် လိုင်စင်ခွင့်ပြုချက်မရှိဘဲ
လုပ်တဲ့အတွက် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဆောင်တစ်ခု
တည်းကိုပဲ ဦးတည်ပြီး စစ်နေတာတော့ မဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုတည်းကိုပဲ လုပ်ရတာ
မဟုတ်တဲ့အတွက် ကျန်ခဲ့တာတော့ ရှိကောင်းရှိနိုင်တယ်။ လုပ်တဲ့လူက အများစုဖြစ်နေပြီး
စစ်ဆေးရတဲ့ လူကလည်း ရှိတဲ့ အင်အားကလည်းနည်းတော့ လုပ်ငန်းတစ်ခုတည်းကို
ဇောင်းပေးပြီးတော့ မလုပ်နိုင်၊ မစစ်ဆေးနိုင်သေးပါဘူး။ လိုင်စင်မဲ့ ဆောင်ရွက်နေတာတွေ
တွေ့ရင်တော့ စည်ပင်သာယာဥပဒေအရ အရေးယူသွားမှာ ဖြစ်ပါတယ်။ စည်ပင်ဥပဒေ
ပုဒ်မ ၆၈ / ၆၉ နဲ့ အညီ အရေးယူမှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

အခကြေးငွေရယူကာ လူနေတိုက်ခန်း များ၊ လူနေအိမ်များကို အဆောင်အဖြစ် ငှားရမ်း
လုပ်ကိုင်လိုသူများအနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများတွင် လိုင်စင်
ဦးစွာလျှောက်ထားရန် လိုအပ်သည်။ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး များမှ
မြေပြင်ကွင်းဆင်းစစ်ဆေးကာ နေရာအကျယ်အ၀န်းနှင့် ထားရှိနိုင်မည့် လူဦးရေ
အချိုးအစား တွက်ချက်ပြီး ခရိုင် စည်ပင်သာ ယာအုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်လက်
တင်ပြကာ လိုင်စင်ရယူရခြင်းဖြစ်သည်။

အဆောင်ဖွင့်လှစ်လိုသူမှ အဆောင်အတွင်း ထားရှိမည့် လူဦးရေအလိုက် သတ်မှတ်
လိုင်စင်ကြေးပေးဆောင်စေပြီးမှသာ ခရိုင်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးများ လုပ်ငန်း
လိုင်စင်များ ထုတ်ပေးသည့်စနစ်ကို ကျင့်သုံး လျက်ရှိသည်။

"တစ်လကို ငှားခ ကျပ် ၃၅,၀၀၀ ပေးရပြီး ခုတင်တစ်လုံးစာ နေရာတော့ ရပါတယ်။
ရေဖိုးမီးဖိုးတော့ ထပ်မပေးရပါဘူး။ တိုက်ခန်း ထဲမှာ လူ ၂၀ လောက်တော့ ရှိပါတယ်။
အိမ်သာ၊ ရေချိုးခန်းကတော့ အားလုံးစုသုံးတဲ့ စနစ်ပေါ့။ အဆင်ပြေတဲ့အခါလည်း ရှိသလို
အဆင်မပြေတဲ့အခါလည်း ရှိပါတယ်။ ကိုယ့် ဘာသာကိုယ် သီးသန့် ငှားနေဖို့ဆိုတာကလည်း
တိုက်ခန်းငှားခတွေ ဈေးကြီးလို့ ဈေး သက်သာတဲ့အဆောင်မှာ ငှားနေရတာပါ။ လိုင်စင်ရှိမရှိ
ကတော့ မသိပါဘူး"ဟု အနော် ရထာလမ်းမပေါ်ရှိ ပုဂ္ဂလိက အဆောင်တစ်ခု တွင်
ငှားရမ်းနေထိုင်သူ တစ်ဦးဖြစ်သည့် မကေသီက ပြောသည်။ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးဥပဒေ အခန်း (၂၀) ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းတွင် ဖော်ပြထားချက်
အရ အပိုဒ်ခွဲငယ် ၈၆ အရ မည်သူမဆို ဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်
ကျုးလွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားလျှင် ထိုသူကို
ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ အများ ဆုံး ငွေဒဏ် ကျပ် ငါးသိန်းအထိ ချမှတ်နိုင်သည်။

ထို့ပြင် အပိုဒ်ခွဲငယ် ၆၈ အရ ပြစ်ဒဏ် ချမှတ်ခြင်းခံရသူသည် အဆိုပါ ဥပဒေပြဋ္ဌာန်း ချက်များကို
ဆက်လက်ဖောက်ဖျက်ကျုးလွန် လျှင် (သို့မဟုတ်) ပျက်ကွက်ခြင်းပြုသည့် နေ့ အသီးသီးအတွက်
တစ်နေ့လျှင် အနည်းဆုံး ငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံးငွေ ဒဏ်ကျပ်လေးသိန်းအထိဖြစ်စေ၊
ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ ချမှတ်နိုင်ကြောင်း အတိအလင်း ဖော်ပြထားပြီးဖြစ်သည်။

အဆောင်အဖြစ် လူနေတိုက်ခန်းများကို အဆောင်အဖြစ် လုပ်ကိုင်သူများ ရှိနေသလို၊ စက်မှုဇုန်များ
အများအပြားရှိသည့် မြို့ပြင် မြို့နယ်များ၌လည်း လူနေအိမ်များကို အခန်း များကန့်ကာ မိသားစုအလိုက်
နေထိုင်နိုင် သည့် အဆောင်များအဖြစ်ထားသည့် အိမ်ရှင် များလည်းရှိကြောင်း သိရသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
Villa Shukhinthar
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service