သီလဝါ အများပိုင်ကုမ္ပဏီ၏ ရှယ်ယာ များ ခွဲခြမ်းမည်ဆိုခြင်းကြောင့် အဆိုပါကုမ္ပဏီ၏ ရှယ်ယာဈေး မှာ ရက်ပိုင်းအတွင်းဆက်တိုက် မြင့်တက်လာကြောင်း ရန်ကုန် စတော့ အိတ်ချိန်းမှသတင်း ရရှိသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် လက်ရှိရောင်းချနေသော FMI ၊ မြန်မာနိုင်ငံသားများဘဏ်နှင့် ၊ သီလ ၀ါကုမ္ပဏီတို့တွင သီလ၀ါက ရက်ပိုင်းအတွင်း ရှယ်ယာ ဈေးမှာ တရိပ်ရိပ် မြင့်တက်လာ ခြင်းဖြစ် ကြောင်းရှယ်ယာ အရောင်း အ၀ယ်ပြုလုပ်သူများကဆိုသည်။
" စက်တင်ဘာလကုန်ကနေတက်လာတာ အောက်တိုဘာလအထိပဲ သီလ၀ါက ၄၂၀၀၀ ကနေ အခု ဆို ၄၉၀၀၀ ၊ဒီနေ့ဆို ၅၀၀၀၀ အထိ ဖြစ်လာပြီ အများကြီးထက်တက် လာတာ " ဟု ရန်ကုန် စတော့ အိတ်ချိန်းတွင်ရှယ်ယာ အရောင်းအ၀ယ်ပြုလုပ်သူ တစ်ဦးဖြစ်သူ ဦးကြည်ရှိန်က အောက်တို ဘာ၂၆ တွင်ပြောသည်။
သီလ၀ါကုမ္ပဏီမှအောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ လေးရက်ကြာ ရှယ်ယာခွဲခြမ်း မှု များပြုလုပ်မည်ဖြစ်သောကြောင့် ရန်ကုန်စတော့ အိတ်ချိန်းတွင်ရှယ်ယာမှတ်ပုံတင် ခြင်းနှင့် ရန်ကုန်စ တော့အိတ်ချိန်း ပြင်ပရောင်းချမှုကိုပါ ရပ်ဆိုင်းမည်ဟုလည်းကြေငြာထားသည်။
ထို့ကြောင့် ၄ရက်ကြာ ရှယ်ယာ ရောင်းချမှုများ ရပ်ဆိုင်းပြီး ဈေးကွက် ပြန်လည်ဖွင့်လှစ်ချိန်တွင် ရှယ် ယာများ ဆက်လက် မြင့်တက်နိုင်သေးကြောင်း ဦးကြည်ရှိန်ကပြောသည်။
အောက်တိုဘာ၂၆ရက် ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက် ပိတ်ချိန်တွင် FMI ကုမ္ပဏီမှာ အစုရှယ် ယာတစ်စုလျှင် ၁၇၀၀၀ ၊ သီလ၀ါ အများပိုင်ကုမ္ပဏီမှာ ၅၀၀၀၀ကျပ်နှင့် မြန်မာနိုင်ငံသားများဘဏ်မှာ ၉၅၀၀ အထိ ရန်ကုန် စတော့ အိတ်ချိန်းတွင် အဆိုပါဈေးနှုန်းများဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com