လက်ရှိတွင် အိမ် ခြံ မြေ အကျိုးဆောင်များအဖွဲ့အစည်း အသီးသီးမှ အိမ် ခြံ မြေ ဝန်ဆောင်မှုဥပဒေကြမ်းအား ရေးဆွဲလျက်ရှိကြရာ ယင်းဥပဒေတွင် အငှားဥပဒေကိုပါ ထည့်သွင်းရေးဆွဲမည်ဆိုပါက ပိုမိုကောင်းမွန်ပြည့်စုံနိုင်ကြောင်းအများစုမှ ထောက်ပြပြောဆိုသည်။
လောလောဆယ်မှာတော့ အငှားဥပဒေကို ထည့်မဆွဲထားရသေးဘူး။အိမ်ရှင် အိမ်ငှားဥပဒေကတော့ စီရင်ထုံးထဲမှာရှိတယ်ဆိုတော့လေ။နောက်ပိုင်းကြလို့ ပြည်သူကအကြံပြုလို့ထည့်ဆွဲရင်တော့ အကောင်းဆုံးပါပဲ။ကျွန်တော်တို့ ဥပဒေကြမ်းရေးဆွဲနေပါတယ်။တစ်ထောင့်တစ်နေရာကနေ အကြံပြုပေးပေါ့။""ဟု ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဖြစ်သူကပြောပြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အိမ်ခြံ မြေ ဝန်ဆောင်မှုဥပဒေမပေါ်ထွက်လာသေးပေ။ယင်း ဥပဒေ ပေါ်ထွက်လာရန်အတွက် ပြည်တွင်းရှိ အိမ် ခြံ မြေ NGO အဖွဲ့အစည်းအသင်းများမှ ဥပဒေကြမ်းရေးဆွဲနေကြပြီး ဥပဒေကြမ်းတော်မတီသို့တင်သွင်းရန်ကြိုးပမ်းလျက်ရှိနေကြသည်။အကယ်၍ အိမ် ခြံ မြေ ဝန်ဆောင်မှုဥပဒေပေါ်ထွက်လာပြီးပါက ရောင်းသူ နှင့် ဝယ်ယူသူများအကြား ပိုမိုအဆင်ပြေလာနိုင်ပြီး ဈေးကွက်သည်လည်း မူဝါဒခိုင်မာသည်နှင့်အမျှ ခိုင်မာလာမည်ဖြစ်သည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com