လူနေထူထပ်တဲ့မြို့နယ်တွေဖြစ်တဲ့ လှိုင်သာယာ၊ရွှေပြည်သာ
အပါအ၀င် မြို့သစ်မြို့နယ်တွေမှာ တန်ဖိုးနည်းအိမ်ရာတွေ ဆက်ပြီးအကောင်အထည်ဖော်ဖို့ရှိနေတယ်လို့ ဆောက်လုပ်
ရေးဝန်ကြီးဌာန မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနတာဝန်ရှိသူ
တွေထံက သိရပါတယ်။
လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့မှာ တန်ဖိုးနည်းအိမ်ရာတွေ ဆက်ပြီးအကောင်အထည်ဖော်ဖို့ရှိနေပြီး ၀န်ကြီးဌာနက
စီမံခန့်ခွဲခွင့်ရှိတဲ့ မြေနေရာတွေမှာအကောင်အထည်ဖော်သွား
မှာလို့ ဌာနတာဝန်ရှိသူကပြောပါတယ်။
ဌာနတာဝန်ရှိသူက “ကျွန်တော်တို့ဝန်ကြီးဌာနက ဆောင်ရွက်
ဆဲနဲ့ဆောင်ရွက်ဖို့မှန်းထားတဲ့ အိမ်ရာတွေရှိပါတယ်။ မြို့သစ်မြို့နယ်တွေဖြစ်တဲ့ ဒဂုံဆိပ်ကမ်းနဲ့ ဒဂုံတောင်ဘက်ကမြို့နယ်တွေ လှိုင်သာယာမြို့နယ်၊ သန်လျင်ကျောက်တန်း သီလ၀ါအထူးစီးပွား
ဇုန်အနီးနဲ့ ရွှေပြည်သာမြို့နယ်တို့မှာ အိမ်ရာတွေအကောင်
အထည်ဖော်ဖို့ရှိပါတယ်”လို့ပြောပါတယ်။
ထိုကဲ့သို့အကောင်အထည်ဖော်ရာမှာဌာနစီမံခန့်ခွဲခွင့်ရှိတဲ့
မြေနေရများတဲ့ မြို့နယ်တွေမှာ စီမံကိန်းအလျှင်အ မြန်အကောင်အ
ထည်ဖော်နိုင်ပေမယ့်ဌာနကစီမံနိုင်တဲ့မြေနေရာနည်းပါးတဲ့
နေရာတွေမှာ အိမ်ရာအကောင်အ ထည်ဖော်ဖို့က အနည်းငယ်အကျပ်အတည်းရှိတယ်လို့လည်း ပြောပါတယ်။
ဝန်ကြီးဌာနအနေနဲ့ အခုနိုဝင်ဘာလမှာ ယုဇန၊ကနောင်နဲ့ရွှေလင်းတို့
မှာ တည်ဆောက်ပြီးစီးသွားတဲ့ တန်ဖိုးနည်း တိုက်ခန်း ၂၂၀၀ ၀န်းကျင်ကို တိုင်းအစိုးရအဖွဲ့စီမံမှုနဲ့ စတင်ရောင်းချတော့မှာဖြစ်ပါတယ်။
Credit: SFJ Strategy First