မြန်မာနိုင်ငံဆိုင်ရာ အဆောက်အအုံဥပဒေကို ရေးဆွဲပြီး ဖြစ်ပေမဲ့ အခုအချိန်အထိ အတည်မပြုနိုင်သေးဘူး လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(မန္တလေး)ဆီက သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အဆောက်အအုံဥပဒေကို အကြံပြုချက်(proposal) အနေနဲ့ ၂၀၁၂ ခုနှစ်က ရေးဆွဲပြီးတာ ဖြစ်ပေမဲ့ လက်ရှိအချိန်အထိ ဥပဒေအနေနဲ့ အတည်မပြုနိုင်သေးတာပါ။
“Code(ဥပဒေ)ဖြစ်နေတော့ ဒါကို တရားဝင်ဖြစ်ဖို့ လွှတ်တော်ကို တင်ရပါမယ်၊ လွှတ်တော်ကို တင်ဖို့ ရှေ့ နေချုပ်ရုံးကို တင်ရင် ဒီ Code ကို မြန်မာလို ဘာသာပြန်ဖို့ လိုပါတယ်၊ ဒီမှာပါတဲ့ ဝေါဟာရပိုင်းဆိုင်ရာ တ ချို့ Technical terms(နည်းပညာပိုင်းဆိုင်ရာ အသုံးအနှုန်း) တွေက မြန်မာဝေါဟာရ မရှိသေးတဲ့အတွက် ဒီ မှာတင် တော်တော်ကြာနေတာပါ ” လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(မန္တလေး)တွဲဖက် အထွေထွေ အ တွင်းရေးမှူး ဦးသန့်ဇင်ထွေးက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အဆောက်အအုံ ဥပဒေမှာ အဆောက်အအုံတစ်ခု ဆောက်လုပ်တဲ့အခါ ငလျင်ဒဏ်ခံနိုင် အောင် တည်ဆောက်ရမယ့်ပုံစံ၊ သုံးစွဲရမယ့်ပစ္စည်း ၊ အသုံးပြုရမယ့် နည်းလမ်းတွေ ပါဝင်တယ်လို့ ဆိုပါ တယ်။
ရေးဆွဲပြီးဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အဆောက်အအုံဥပဒေကို တရားဝင်အတည်မပြုရသေးလို့ ဆိုပြီး အသုံး မပြုမယ့် အစား အင်ဂျင်နီယာလက်စွဲအနေနဲ့ အသုံးပြုသင့်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီနဲ့ မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်း(မန္တလေး) တို့က အကြံပြုဆွေးနွေးပါတယ်။
ဦးသန့်ဇင်ထွေးက “အင်ဂျင်နီယာလက်စွဲအနေနဲ့ သုံးဖို့ သက်ဆိုင်ရာဒေသ အာဏာပိုင်ပဲဖြစ်ဖြစ်၊ ပြည်ထောင် စု အဆင့်ပဲဖြစ်ဖြစ်၊ အဆောက်အအုံ လုပ်ခွင့်တင်မယ်ဆိုရင် အထပ်မြင့်အဆောက်အအုံအတွက် ဒီ Code ကို ကိုးကားပြီး လုပ်ရမယ်ဆိုတဲ့ ကြေညာစာနဲ့ ထွက်လိုက်ရင် ပိုပြီးတော့ အလုပ်ဖြစ်မယ်၊ ဒီ Codeကြီး လက်ထဲရှိနေရဲ့နဲ့ အသုံးမပြုလို့ အန္တရာယ်ဖြစ်သွားတယ်ဆိုတာမျိုး မဖြစ်ရလေအောင် ဒီလိုလုပ်ရင် ကောင်း မယ်ဆိုပြီး ဝိုင်းဝန်းအကြံပြု ဆွေးနွေးထားတာရှိပါတယ်။ အဓိက အာဏာပိုင် အဖွဲ့အစည်းတွေ ပူးပေါင်းမှာ ပါ” လို့ ပြောပါတယ်။
သည်ဥပဒေဟာ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အဆောက်အအုံဥပဒေကို အခြေခံပြီး မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်းကြီးဌာနနဲ့ UNHABITAT တို့ ပူး ပေါင်းရေးဆွဲထားတာ ဖြစ်ပါတယ်။
Credit: Kumudra