အရစ်ကျစနစ်နဲ့အိမ်ရာဝယ်ယူချင်သူတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေကို အိမ်ရာဖွံ့ဖြိုးရေးဘဏ်စတင်
တည်ထောင်ချိန်ကစပြီး ယခုအချိန်အထိထုတ်ချေးထား
တဲ့ချေးငွေပမာဏမှာ၉၇ဘီလျံအထိ ရှိနေပြီဖြစ်တယ်လို့
သိရပါတယ် ။
‘ဘဏ်စတည်ထောင်ကတည်းကအရစ်ကျစနစ်နဲ့အိမ်ရာတွေကိုဘဏ်ချေးငွေနဲ့ဝယ်ယူနိုင်ဖို့နဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေဖွံဖြိုးတိုးတက်ဖို့ရည်ရွယ်ပြီးဖွင့်ထားတာဖြစ်လို့ချေးငွေ
ယူချင်သူရဲ့ဝင်ငွေနဲ့profileကိုကြည့်ပြီးထုတ်ချေးပေးတာ’လို့ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကမန်နေးဂျင်း
ဒါရိုက်တာဦးဝင်းဇော်ကပြောပါတယ် ။
လက်ရှိအရစ်ကျစနစ်နဲ့ရောင်းချခဲ့တဲ့လှိုင်သာယာမြို့နယ်
ကရွှေလင်ပန်းအိမ်ရာဝယ်ယူခွင့်ရရှိတဲ့အိမ်ခန်းဝယ်ယူသူတွေကိုလေးနှစ်အရစ်ကျပုံစံနဲ့ရောင်းချခဲ့ပါတယ် ။နောက်ပိုင်းမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကရောင်းချမယ့်တန်ဖိုးနည်းတန်ဖိုးသင့်အိမ်ရာဝယ်ယူခွင့်ရရှိသူတွေကိုလည်းရှစ်နှစ်အရစ်ကျပုံစံတွေနဲ့ချေးငွေထုတ်ချေးဖို့ဆောင်ရွက်တာတွေရှိပါတယ် ။
အရစ်ကျစနစ်နဲ့အိမ်ရာဝယ်ယူချင်သူ (၅၀၀)ကျော်ကိုခုနှစ်ဘီလျံထုတ်ချေးထားပြီးဆောက်
လုပ်ရေးလုပ်ငန်းရှင် ၂၀၀ကျော်ကိုတော့ ဘီလျံ ၉၀လောက်အထိထုတ်ချေးထားပြီးဖြစ်ပါတယ် ။
အိမ်ရာနဲ့ပတ်သတ်ပြီးချေးငွေယူသူတွေကိုဘဏ်က
ဝန်ဆောင်ခတစ်ရာခိုင်နှုန်း ၊အတိုးနှုန်း ၁၂ရာခိုင်နှုန်းနဲ့သတ်မှတ်ထားပါတယ် ။အိမ်ရာဝယ်ယူချင်သူတွေကိုလက်ရှိမှာအစိုးရကရောင်း
ချတဲ့အိမ်ရာတွေကိုသာဝယ်ယူခွင့်ပြုထားပြီးနောက်ပိုင်း
မှာတော့နှစ်ရှည်၁၅နှစ်သက်တမ်းလောက်နဲ့ချေးငွေ
ထုတ်ချေးသွားဖို့ရှိတယ်လို့သိရပါတယ် ။
အိမ်ရာဝယ်ယူသူတွေအတွက်ချေးငွေသက်တမ်းကိုတော့
ရှစ်နှစ်အထိသတ်မှတ်ထားပြီးဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကိုတော့တစ်နှစ်သက်တမ်းနဲ့နောက်ထပ်တိုးနှစ် တစ်နှစ်သတ်မှတ်ထားပါတယ် ။
လက်ရှိမှာတော့မကြာခင်စတင်ရောင်းချတော့မယ့်တန်ဖိုး
နည်းအိမ်ရာစီမံကိန်းရှစ်ခုကတန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၂၁၁၈ခန်းကိုလည်းရှစ်နှစ်အရစ်ကျဘဏ်ချေးငွေနဲ့ရောင်းချသွားမှာဖြစ်ပါတယ် ။
အဆိုပါဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကိုပြီးခဲ့တဲ့
၂၀၁၄ခုနှစ်အောက်တိုဘာလကအစိုးရနဲ့စီးပွားရေး
လုပ်ငန်းရှင်တွေပူးပေါင်းပြီးအိမ်ရာနဲ့ပတ်သက်
တဲ့ချေးငွေတွေထုတ်ပေးနိုင်ဖို့တည်ထောင်ခဲ့
တာဖြစ်ပါတယ် ။
Credit: The Kumudra