အိမ်ခြံမြေ ရောင်း၊၀ယ်၊ ငှားအကြံပေး mobile app တစ်ခုဒူဘိုင်းမြေယာဦးစီးဌာနမှ ရေးဆွဲဖြန့်ဝေ

အိမ်ခြံမြေ ရောင်း၊၀ယ်၊ ငှားအကြံပေး mobile app တစ်ခုဒူဘိုင်းမြေယာဦးစီးဌာနမှ ရေးဆွဲဖြန့်ဝေ - Property News in Myanmar from iMyanmarHouse.com
25 Oct 2016 10:56 am တွင် တင်ခဲ့သည်
1264 ကြိမ် ကြည့်ရှု့ပြီး
ဒူဘိုင်းမြေယာဦးစီးဌာနသည် အိမ်ခြံမြေ ရောင်း၊၀ယ်၊ ငှားအကြံပေး mobile app တစ်ခုကိုမကြာသေးမီရက်ပိုင်းကထုတ်လုပ်ဖြန့်ချိခဲ့ကြောင်းအရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

App ၏ အမည်မှာSmart Investment Map ဖြစ်ပြီးAndroid နှင့် iPhoneများတွင် အသုံးပြုနိုင်မည် ဖြစ်သည်။
အိမ်ခြံမြေ၀ယ်ယူ၊ ငှားရမ်းလိုသူများအနေဖြင့် ယင်း app မှတစ်ဆင့် မိမိသိရှိလိုသည့် တည်နေရာဝန်းကျင်ရှိ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံအစရှိသည့် ထင်ရှားသောနေရာများအကြောင်းကိုသိရှိနိုင်မည် ဖြစ်သည်။

App အသုံးပြုသူတို့မှ မေးမြန်းသည့် အခြေခံမေးခွန်းများကိုဖြေဆိုပေးမည့်အပြင် မိမိတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် အိမ်ခြံမြေများကိုလည်းလမ်းညွှန်ပြသပေးမည်ဟုဆိုသည်။

ထို့အပြင် သက်ဆိုင်ရာအိမ်ခြံမြေ၏ အသေးစိတ်အချက်အလက်များကိုပိုမိုသိရှိနိုင်ရန်အတွက် ၀က်ဘ်ဆိုက်နှင့်လည်းလင့်ခ်ချိတ်ပေးထားသည်။
ဝက်ဘ်ဆိုက်တွင် ၀င်ရောက်ကြည့်ရှုခြင်းအားဖြင့် သက်ဆိုင်ရာနေအိမ်၏ ပိုင်ရှင်မည်သူဖြစ်သည်ဟူသည့်အချက်အပြင် အခြားအချက်အလက် အသေးစိတ်ကိုသိရှိနိုင်မည် ဖြစ်သည်။

“ကမ္ဘာပေါ်မှာရင်းနှီးမြှုပ်နှံဖို့အကောင်းဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့ ဒူဘိုင်းရဲ့ အိမ်ခြံမြေကဏ္ဍ ထိပ်တန်းမှာရပ်တည်နေမှုကိုဒီ app က ပိုမိုအထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်”ဟုဒူဘိုင်းမြေယာဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးချုပ် မာဂျီဒါ အလီရာရှစ်ကပြောကြားသည်။

ယင်းappသည် အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံသူတို့အားလုံခြုံမှုနှင့် သက်တောင့်သက်သာဖြစ်မှုများပေးစွမ်းနိုင်မည့်အပြင် ရှင်းလင်းတိကျသောအချက်အလက်များရရှိခြင်းကြောင့် မှန်ကန်သည့် ဆုံးဖြတ်ချက်များချမှတ်နိုင်စေရန် အထောက်အကူ ပြုမည်ဖြစ်ကြောင်းလည်းအလီရာရှစ်ကဆက်လက်ပြောကြားသည်။
နောက်ပိုင်းတွင် appအသုံးပြုသူတို့သည် အသံဖြင့်လည်းရှာဖွေနိုင်လိမ့်မည် ဖြစ်သည်ဟုဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

CarsDB
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service