တရုတ်ပြည်မကြီးအခြေစိုက် အိမ်ခြံမြေကုမ္ပဏီHNA Group က အမေရိကန်ရှိဂေါက်ကွင်း ၁၀ ကွင်းကို တပြိုင်တည်းဝယ်ယူ

တရုတ်ပြည်မကြီးအခြေစိုက် အိမ်ခြံမြေကုမ္ပဏီHNA Group က အမေရိကန်ရှိဂေါက်ကွင်း ၁၀ ကွင်းကို တပြိုင်တည်းဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
25 Oct 2016 10:48 am တွင် တင်ခဲ့သည်
1439 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည်မကြီးအခြေစိုက် အိမ်ခြံမြေကုမ္ပဏီHNA Group က အမေရိကန်ရှိဂေါက်ကွင်း ၁၀ ကွင်းကိုOki Golf ထံမှ တပြိုင်တည်းဝယ်ယူလိုက်ကြောင်း ဆီယက်တဲလ်အခြေစိုက်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

HNAသည် ဆီယက်တဲရှိဂေါက်ကွင်း ၁၀ ကွင်းကိုကန်ဒေါ်လာ ၁၃၇ သန်းဖြင့် ၀ယ်ယူလိုက်ခြင်းဖြစ်ပြီးဟောင်ကောင်ကုမ္ပဏီခွဲဖြစ်သောHNA Holdingsမှတစ်ဆင့် ၀ယ်ယူလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

ဂေါက်ကွင်း ၁၀ ကွင်း၏ စုစုပေါင်းဧရိယာအကျယ်အ၀န်းမှာ ၇၆၀ ဟက်တာ (၁၈၈၀ ဧက) ကျယ်ဝန်းပြီး ကျင်းအားဖြင့် ၁၈၀ ကျင်း ဖြစ်သည်။
HNA နှင့် Oki Golfတို့အကြားချုပ်ဆိုလိုက်သောစာချုပ်အရ HNA သည် မိုက္ကရိုဆော့ဖ်အမှုဆောင်ဟောင်းဖြစ်သူစကော့အိုကီပိုင်ဆိုင်သည့် Oki Golfကုမ္ပဏီအားလာမည့် ၅ နှစ်တာကာလတွင် တစ်နှစ်လျှင် ငှားရမ်းခကန်ဒေါ်လာ ၇ ဒသမ ၁ သန်းပေးရမည် ဖြစ်သည်။

HNA မှ အမှုဆောင်ဒါရိုက်တာ ရှုဟောက်ဟောက်၏ ပြောကြားချက်အရ ချမ်းသာကြွယ်ဝသည့် ကမ္ဘာလှည့်ခရီးသွားများ မြင့်တက်လာမှုကြောင့် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းဈေးကွက် အလွန်ဖွံ့ဖြိုးလာလျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများအကြားတွင် ကျန်းမာသောဘ၀နေထိုင်မှုပုံစံ နေထိုင်လှုပ်ရှားမှုများ မြင့်တက်လာခြင်းကလည်းအဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်းပြောကြားသည်။

ချမ်းသာကြွယ်ဝသော တရုတ်လူမျိုးများအကြားဂေါက်ရိုက်ကမ္ဘာလှည့်ခရီးသွားမှု ခေတ်စားခြင်းနှင့် ဆီယက်တဲတွင် အမြတ်အစွန်းရနိုင်ချေ များပြားခြင်းတို့ကြောင့် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း HNA ဘုတ်အဖွဲ့ကထုတ်ပြန်ထားသည်။
HNAသည် ယခုနောက်ပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာသည့် ထိပ်တန်းတရုတ်ကုမ္ပဏီတစ်ခု ဖြစ်လာသည်။

HNAကုမ္ပဏီကို ၁၉၉၃ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီးအိမ်ခြံမြေလုပ်ငန်း၊ လေကြောင်း၊ ခရီးသွားလုပ်ငန်းတို့တွင် အဓိကရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်းတရုတ်လူမျိုးပေါင်းသန်း ၁၂၀ ကျော် ရေမြေခြားနိုင်ငံများသို့ သွားလာလည်ပတ်ခဲ့ကြပြီး ၎င်းတို့၏ စုစုပေါင်းအသုံးစရိတ်မှာကန်ဒေါ်လာ ၁၀၄ ဒသမ ၅ ဘီလီယံအထိရှိခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း

Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service