သည်ရက်ပိုင်းတွေမှာ ပြည်တွင်းရွှေဈေးက ငြိမ်နေနိုင်ပြီး ဒေါ်လာဈေးနဲ့ ကမ္ဘာ့ဈေးအပြောင်းအလဲပေါ်မူတည်ပြီးဈေးတက်နိုင်ချေ ရှိနေသေးတယ်လို့ ဈေးကွက်ထဲမှာ သိရပါတယ်။
ကမ္ဘာ့ရွှေဈေးကို ကျနိုင်တယ်လို့ ခန့်မှန်းကြပေမဲ့ သည်တပတ် ဈေးပိတ်အချိန်ထိ ကမ္ဘာ့ဈေးက ဈေးတက်ပြီး ပိတ်ခဲ့တယ်။ဒေါ်လာဈေးကလည်း ၁၂၈၀ နဲ့ ၁၂၉၀ ကြားမှာရှိနေခဲ့ကြတဲ့ အတွက်ပြည်တွင်းရွှေဈေးက ကျပ် ၈၆၅၀၀၀ နဲ့ ကျပ် ၈၆၇၀၀၀ ကြားမှာဈေးအပြောင်းအလဲဖြစ်နေတာလို့ပြောပါတယ်။
ရွှေဈေးကွက် ကျွမ်းကျင်သူတစ်ဦးက အ၀ယ်တွေတော့ တချို့ပြန်ရှိနေတာပါပဲ၊ကမ္ဘာ့ဈေးကကလဲ ထင်သလောက်မကျဘဲ ဒေါ်လာဈေးကလဲ အပြောင်းအလဲ သိပ်မရှိတော့ ပြည်တွင်းရွှေဈေးက အကျဘက်သွားဖို့ မရှိနိုင်သေးဘူး။ဒီရက်ပိုင်းတွေမှာ အိန္ဒိယပွဲတော်ရက်တွေဆိုတော့ ရွှေဈေးကတက်နိုင်ခြေရှိသေးတယ်လို့ ပြောပါတယ်။
ရွှေဈေးက ခန့်မှန်းရခက်နေတဲ့ အနေအထားမှာ ရှိနေပြီး ဈေးမျောနေနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတစ်ချို့ကတော့ သုံးသပ်ထားကြပါတယ်။ပြည်တွင်းရွှေဈေးက ကျပ် ၈၆၇၅၀၀ ရှိပါတယ်။ကမ္ဘာ့ရွှေဈေးက ၁၂၆၆ ဒေါ်လာရှိပါတယ်။ပြင်ပဒေါ်လာဈေးကတော့ ကျပ် ၁၂၈၆ ရှိပါတယ်။
Credit : The Kumudra