ရန်ကင်းရှိအသစ်ပြန်လည်တည်ဆောက်မည့်တိုက်ခန်းနေရာများမှာယခင်သတ်မှတ်ဈေးနှုန်းထက် နှစ်ဆနီးပါးဈေးနှုန်းမြင့်တက်လာကြောင်း အကျိုးဆောင်အချို့မှ ပြောဆိုသည်။
""ဒီရန်ကင်းက ပြန်ဆောက်မယ့်တိုက်ခန်းနေရာတွေဈေး
တက်တယ်ဆိုတာကတော့ ဟုတ်တယ်။တက်မှာ။ဒါပေမယ့် နှစ်ဆတော့မတက်နိုင်ဘူးလို့ ထင်တယ်။ဈေးတက်တယ်ဆိုတဲ့အကြောင်းရင်းကလည်း အဲ့ဒီနေရာက တိုက်ခန်းတွေက ဖျက်ပြီး ပြန်ဆောက်ပြီးတဲ့အခါကြတော့ တအားကောင်းသွားတာကြောင့်လည်းပါတယ်။အခုဆို
ရွှေအုန်းပင်အိမ်ရာ ဈေးနှုန်းဆို သိန်း ၂၀၀၀၊ ၂၅၀၀ လောက် ဈေးနှုန်းဖြစ်သွားပြီ။ဟို အရင်က အဲဒီနေရာတွေက သိန်း ၆၀၀၊ ၇၀၀ လောက်ပဲပေါက်ဈေးရှိတာကိုး။""ဟု
ရန်ကုန်အခြေစိုက် အကျိုးဆောင်ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။
လက်ရှိအိမ် ခြံ မြေ ဈေးကွက်မှာ ပြန်လည်ကောင်းမွန်လာရန်အတွက် အားယူသည့် အချိန်ဖြစ်နေကြောင်း ၊ ယခင်
ထက် အရောင်းအဝယ် တစ်စတစ်စ ပိုမိုကောင်းမွန်သွက်လက်လာကြောင်းလည်းအိမ် ခြံ မြေ အကျိုးဆောင်များမှဆိုသည်။
""အိမ် ခြံ မြေက ဈေးကွက်ပြန်တက်လာတယ်။ဈေးကွက်ပြန်တက်လာတယ်ဆိုတာက ဈေးမတက်ဘူး။အရောင်းအဝယ် နည်းနည်းတက်လာတာ။အိမ် ခြံ မြေ ရဲ့သဘောက
အဲဒီလိုပဲ။ဝုန်းကနဲဆင်းဝုန်းကနဲတက်တာမျိုးမရှိဘူး။
တစ်ဖြေးဖြေးတက်သွားတယ်။တစ်ဖြေးဖြေး ဆင်းတယ်။အဲဒီလိုမျိုးပဲရှိတယ်။လက်ရှိ အနေအထားအတိုင်းဆက်သွားရင်တော့ အများဆုံးတစ်နှစ်ပေါ့။တော်တော်ပြန်လည်ပတ်နိုင်မှာပါ။""ဟု ရန်ကုန်တိုင်း အိမ် ခြံ မြေ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးစိုင်းခွန်နောင် မှ သုံးသပ်ပြောပြသည်။
လက်ရှိကာလတွင် ဝါကျွတ်ပြီးကာလ ဖြစ်လာသဖြင့် အမေးများလျက်ရှိနေပြီး အရောင်းအဝယ် အတန်ငယ်ဖြစ်ထွန်းနေကာ၊အငှားအားကောင်း
နေကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com