ရန်ကုန်မြို့တွင်း ဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းတွေရဲ့ ပြီးစီးမှုအခြေ အနေတွေကို ဖော်ပြပါတယ်။
The Lake Suites Tower
လက်ရှိမှာတော့ အရောင်းပြခန်း ဖွင့်လှစ်ရောင်းချလျက်ရှိပြီး အခန်းဈေးနှုန်းတွေကတော့ တစ်စတုရန်းပေကို ကျပ် ၂၃၀,၀၀၀ မှ ကျပ် ၃၀၀,၀၀၀ အထိ အမျိုးအစားအလိုက် ခွဲခြားထားပါတယ်။ အခန်းအမျိုးအစား အနေ နဲ့ကတော့ အိပ်ခန်းတစ်ခန်းပါ အခန်းတွေမှ အိပ်ခန်းသုံးခန်းပါ အခန်းပုံစံတွေအထိ အမျိုးအစားလေးမျိုး သတ်မှတ်ထားပါတယ်။ The Lake Suites မှာ ရေကူးကန်၊ တင်းနစ်ကွင်း၊ အသင်းအဖွဲ့ရုံး၊ ကလေးရေကူး ကန်၊ ကစားကွင်းနှင့် ပွဲအခမ်းအနားတွေ ပြုလုပ်လို့ရတဲ့ နေရာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
ဧရာချမ်းသာအိမ်ရာစီမံကိန်း
အဆိုပါအိမ်ရာစီမံကိန်းကိုတော့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်းမပေါ်မှာ ဆောက်လုပ်အကောင်အထည် ဖော်နေတာဖြစ်ပြီး လက်ရှိမှာ အဆောက်အအုံအကြမ်းအထည် ပြီးစီးနေပြီ ဖြစ်ပါတယ်။
အခန်းဝယ်ယူသူတွေကိုတော့ လာမယ့် ၂၀၁၈ ခုနှစ်မှာ နေထိုင်ခွင့်ပြုသွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ အ ရောင်းပြခန်းတွေ ဖွင့်လှစ်ရောင်းချနေတာ ဖြစ်ပါတယ်။
အခန်းအကျယ်အဝန်းတွေကတော့ ၆၀၀ စတုရန်းပေက စတင်ကာ ဝယ်ယူနိုင်ပြီး ဝယ်ယူသူစိတ်ကြိုက် အ ခန်းပုံစံတွေကို ဖွဲ့စည်းရောင်းချပေးနေတာဖြစ်ပါတယ်။ ၂၄ နာရီ မီးအားပေးစနစ်၊ ဓာတ်လှေကား၊ ကားပါ ကင်၊ ရေကူးကန်၊ Community Center။ ပန်းခြံ၊ ကစားကွင်း စတဲ့ ဝန်ဆောင်မှုတွေအပြင် ဟိုတယ်၊ ဘတ်စ် ကားဂိတ်၊ ကျောင်း စတာတွေလည်း ပါဝင်ပါတယ်။
Credit: The Modern