ဈေးသက်သာလာတာ ပိုရှာလာတဲ့ အိမ်ခြံမြေ အငှားဈေးကွက်

ဈေးသက်သာလာတာ ပိုရှာလာတဲ့ အိမ်ခြံမြေ အငှားဈေးကွက် - Property News in Myanmar from iMyanmarHouse.com
21 Oct 2016 11:23 am တွင် တင်ခဲ့သည်
1969 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ အငှားဈေးကွက်ထဲမှာ ပြည်တွင်းက လူအများစုက ဈေးသက်သာတဲ့ နေရာတွေကို ပိုရှာဖွေလာနေပြီး ပြည်ပကုမ္ပဏီတွေကတော့ နေရာကောင်းပြီး အဆင့်မြင့်အဆောက်အအုံတွေကို ဈေးပိုပေးပြီး ရွေးချယ်လာကြတယ်လို့ သိရပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏတချို့တွေ ဝင်လာပြီး မြို့လယ်ခေါင်အချက်အချာကျတဲ့ နေရာတွေရှိ အိမ်ရာအဆောက်အအုံတွေရဲ့ အငှားဈေးကွက်ကို ပိုကောင်းလာစေခဲ့ပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က “တောင်ဥက္ကလာတို့ ရန်ကင်းတို့လို နေရာတွေမှာ ရုံးခန်းအငှားတွေ၊ လုံးချင်းအငှားတွေ၊ ဈေးကွက်ရလာတယ်၊ နေသူတွေကတော့ ဈေးသက်သာတဲ့နေရာတွေကို ရွေးကြတယ်၊ အများဆုံးမေးကြတာက သာကေတ၊ ဒေါပုံ၊ သမိုင်းဘက်တွေ၊ တချို့လှည်းတန်းလို နေရာတွေမှာလည်း အတွင်းပိုင်းတွေမှာ ဈေးသက်သာတာတွေ ရှိတယ်၊ လှိုင်မြို့နယ်ဘက်တွေကိုလည်း နေသူတွေက စိတ်ဝင်စားကြပါတယ်၊ ဈေးနှုန်းက တစ်လကို ကျပ် ၁၀၀,၀၀၀ ကျော်နဲ့ ကျပ် ၂၀၀,၀၀၀ ကြားတွေကို ပိုပြီး လိုချင်ကြတယ်” လို့ ပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတတ်လာတာနဲ့အမျှ ပြည်ပအခြေစိုက် လုပ်ငန်းတွေ တိုးတတ်ဝင်ရောက်လာပြီး အငှားဈေးကွက်မှာ ပြည်တွင်းရော၊ ပြည်ပကပါ ပါဝင်လာမှု အားကောင်းလာနေတယ်လို့ သိရပါတယ်။

ဇာမဏီအကျိုးဆောင်မှ ဦးကျော်စွာက “အငှားကတော့ ကောင်းနေတာပေါ့၊ သူ့အချိန်ကာလ ဖြစ်နေတာဆိုတော့ ဆိုင်ခန်းအငှားတွေပါ ကောင်းနေတာ၊ အရောင်းကတော့ အမေးအမြန်းရှိတယ်ဆိုပေမယ့် ဈေးမေးပြီး လိုက်ကြည့်တာလောက်ပဲ ရှိတာ ပွဲဖြစ်တာမျိုးတော့ နည်းသေးတယ်၊ အငှားကတော့ တစ်လကို ကျပ် ၁၀၀,၀၀၀ အောက် နေရာတွေ ကျပ် ၁၅၀,၀၀၀ ဝန်းကျင်တွေ ပိုပြီး မေးတာများတယ်” လို့ ပြောပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service