ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးအတက်ဖြစ်နေတာကြောင့်
ပြည်တွင်းရွှေဈေးက ကျပ် ၈၆၅,၀၀၀ ကျော်အထိ ဈေးပြန်တက်နေတယ်လို့ သိရပါတယ် ။
ဈေးအပြောင်းအလဲသိပ်မရှိတဲ့ ကမ္ဘာ့ဈေးနဲ့ ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေးက ကျပ် ၈၆၀,၀၀၀ ဝန်းကျင်မှာပဲ ဈေးအပြောင်းအလဲ ဖြစ်နေခဲ့
တာပါ ။သည်တစ်ပတ်ထဲမှာတော့ နှစ်ခုစလုံးက ဈေးအနည်း
ငယ်ပြန်မြင့်လာတာကြောင့် ပြည်တွင်းရွှေဈေးက ၈၆၅,၀၀၀ ကျော်ကို ပြန်မြင့်နေတာဖြစ်တယ်လို့
ပြောပါတယ် ။ တချို့ကတော့ ကမ္ဘာ့ရွှေဈေးပြန်ကျနိုင်တယ်လို့ သုံးသပ်ထားကြပါတယ် ။
ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ‘ဒေါ်လာဈေးကြောင့် ပြည်တွင်းရွှေဈေးက ဈေးအကျယ်
ဘက်ကို ရောက်နိုင်ခြေနည်းနေပါသေးတယ် ၊ ကမ္ဘာ့ရွှေဈေးကတော့ အကျဘက်ရောက်နိုင်ခြေများတယ် ၊ ပြည်တွင်းရွှေဈေးက ဒီရက်ပိုင်းတွေမှာ အပြောင်းအလဲသိပ်မရှိဘဲ ငြိမ်နေခဲ့တာ ၊
အဝယ်တွေတော့ တချို့ပြန်ရှိနေတာပါပဲ’ လို့ပြောပါတယ် ။
ရွှေဈေးက ခန့်မှန်းရခက်တဲ့ အနေအထားမှာရှိနေတယ် ။ သည်နေ့မှာတော့ ပြည်တွင်းရွှေဈေးက ကျပ် ၈၆၆,၀၀၀ ကျော်အထိ ဈေးမြင့်ခဲ့ပြီး ကျပ် ၈၆၂,၅၀၀ ရှိပါတယ် ။ ကမ္ဘာ့ရွှေဈေးက ၁၂၆၂ ဒေါ်လာရှိပါ
တယ် ။ ပြင်ပဒေါ်လာဈေးကတော့ ၁၂၈၄ ကျပ်ရှိပါတယ် ။
Credit: The Modern