နယ်သာလန်ရှိ ရုံးခန်းအဆောက်အအုံအား တရုတ်ထိပ်တန်းကုမ္ပဏီကြီးဖြစ်သော အန်ဘန်က ကန်ဒေါ်လာ ၅၅၈ သန်းဖြင့် ၀ယ်ယူလိုက်ပြီး ၃ နှစ်တာ အတွင်း ယင်းအဆောက်အအုံ၏ တန်ကြေး ကန်ဒေါ်လာ ၉ ဒသမ ၀၈ ဘီလီယံကျော်အထိ ဈေးပေါက်လာဖွယ်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါအရောင်းအ၀ယ်ကို အတွင်းကျကျသိရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ရာတွင် အန်ဘန်သည် တရုတ်အာဏာပိုင်များနှင့် အနီးကပ်ဆက်ဆံရေးရှိပြီး ကမ္ဘာတစ်ဝန်းလုံးရှိ ပိုင်ဆိုင်မှုဓနများကို အလုံးအရင်းဝယ်ယူလာလျက်ရှိသည်ဟု ဆိုသည်။
အန်ဘန်သည် အာမခံကုမ္ပဏီတစ်ခုဖြစ်ပြီး အိမ်ခြံမြေလောကသို့ မကြာသေးမီနှစ်ပိုင်းအတွင်း ခြေချလာခြင်းဖြစ်သည်။
ယခု ၀ယ်ယူလိုက်သော ရုံးအဆောက်အအုံမှာ Blackstone ကုမ္ပဏီပိုင် ဖြစ်သည်။
Blackstone သည် နယ်သာလန်နိုင်ငံမှ ရုံးအဆောက်အအုံ ၆ ခုကို CBRE Global ထံမှ ၂၀၁၃ ခုနှစ်အတွင်း ပေါင် ၁၆၅ သန်း (ကန်ဒေါ်လာ ၁၈၅ သန်း) ဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ယခုအရောင်းအ၀ယ်သည် လွန်ခဲ့သော နှစ်နှစ်မှ ယနေ့ကာလအထိ အန်ဘန်နှင့် ဘလက်စတုန်းတို့အကြား တတိယမြောက် အကြီးမားဆုံးအရောင်းအ၀ယ်ကြီးတစ်ရပ် ဖြစ်သည်။
အန်ဘန်သည် ၂၀၁၅ ခုနှစ်အတွင်း နယူးယောက်ရှိ Waldorf Astoria ဟိုတယ်ကို ဟီလ်တန်ဟိုတယ်အုပ်စုထံမှ ကန်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံဖြင့် ၀ယ်ယူခဲ့သည်။
ဟီလ်တန်ဟိုတယ်အုပ်စုသည် ဘလက်စတုန်းလက်အောက်ခံ ကုမ္ပဏီအုပ်စု ဖြစ်သည်။
အန်ဘန်သည် ဘလက်စတုန်းပိုင် Strategic Hotels & Resort ဟိုတယ်အုပ်စုကိုလည်း ကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံဖြင့် ၀ယ်ယူရန် ကြိုးပမ်းမှုမှာ အပြီးသတ်လုပြီလည်း ဖြစ်သည်။
Strategic Hotels & Resort ဟိုတယ်အုပ်စုတွင် ဟိုတယ်ပေါင်း ၁၆ လုံး ပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)