အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက် အေးနေတဲ့အချိန်မှာ အကျိုးဆောင်တွေနဲ့ ရောင်းချင်သူတွေအနေနဲ့ အရင်လို နည်းလမ်းမဟုတ်ဘဲ ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာတာကြောင့် ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ လိုက်ပါပြောင်းလဲလုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ကျွမ်းကျင်သူတချို့က ပြောပါတယ်။
ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ဈေးကွက်ကို ယှဉ်ပြိုင်ရမယ့် အခြေအနေတစ်ခုလို ဖြစ်နေပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းဗဟိုမှ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က “အသင်းအနေနဲ့ အာ ဆီယံအိမ်ခြံမြေ မဟာမိတ်အဖွဲ့ ချိတ်ဆက်လုပ်ဆောင်ထားတယ်၊ ဒီပလိုမာသင်တန်းတွေ ပေးရင်တော့ မြန် မာနည်းမြန်မာ့ဟန်ဥပဒေနဲ့ညီတဲ့ ခွဲပြီးလုပ်ပေးဖို့တွေ ရှိတယ်” လို့ ပြောပြပါတယ်။
အခြေအနေနဲ့အချိန်အခါအရ စီးပွားရေးလုပ်ငန်းရှင်အများစုမှာလည်း ဈေးကွက်ပြိုင်ဆိုင်မှုတွေ ရှိနေတာ ကြောင့် အကျိုးဆောင်တွေအနေနဲ့လည်း အရင်ကလို အချက်အလက်တွေကို စာအုပ်တွေနဲ့ သိမ်းဆည်း တာမျိုး မဟုတ်ဘဲ အွန်လိုင်းပေါ်ကနေ ဈေးကွက်ရှာတာတွေ ရှိလာပြီး အရောင်းအဝယ်တွေ ပြုလုပ်လာ ကြတဲ့ ပုံစံတွေ ပြောင်းလဲလာကြပါတယ်။
အကျိုးဆောင်တွေအနေနဲ့ အိမ်ခြံမြေ အကျိုးဆောင် နက်ဝပ်ခ်ကြီးကတော့ အကျယ်ကြီးပဲ။ ဘာတွေပြင် ဆင်ထားကြပြီလဲ။ ဘာသာစကား ဘယ်နှစ်မျိုးလောက် တတ်ထားကြပြီလဲ။ စနစ်တကျ ထိန်းသိမ်းထားတဲ့ အိမ်ခြံမြေ ဒေတာ အချက်အလက်တွေ ရှိကြပြီလား။ Customers ကို ဂျီပီအက်စ်နဲ့ ပြလို့ရပြီလား၊ ကိုယ်ပိုင် ဝက်ဘ်ဆိုက်မှာ ဘာတွေ တင်ထားကြပြီလဲ၊ အသင်းကြီး ဝက်ဘ်ဆိုက်နဲ့ရော ချိတ်ဆက်ထားကြပြီးပြီလား၊ ရောင်းခြင်း၊ ဝယ်ခြင်း လုပ်ငန်းတွေ ကျွမ်းကျင်နေကြပြီလား စတဲ့ အချက်တွေကို ပြုလုပ်ထားဖို့ လိုအပ် တယ်လို့ သိရပါတယ်။
ဆိပ်ကမ်းသာလမ်းရှိ အကျိုးဆောင်ဦးအောင်ဝင်းက “ဒီနောက်ပိုင်းမှာ အွန်လိုင်းပေါ်မှာ ဂရု(ပ်)တွေ ပေ့ခ်ျ တွေလုပ်ပြီး အကျိုးဆောင်တွေနဲ့ ဝယ်သူရောင်းသူတွေကြား သတင်းအချက်အလက်တွေ ဖလှယ်ကြတာတွေ ရှိလာတယ်၊ အရင်ကလို မြေပြင်အထိ ဆင်းပြီးမှ ညှိနှိုင်းကြတာမျိုး မဟုတ်ဘဲ လိုင်းပေါ်မှာပဲ အကြမ်းဖျင်း ညှိနှိုင်းကြပြီး သေချာမှ မြေပြင်ဆင်းကြည့်ကြတာတွေ လုပ်လာကြတယ်” လို့ ပြောပါတယ်။
Credit: The Modern