နိုင်ငံပိုင်အိမ်ရာငှားရမ်းမှု ငါးနှစ်တစ်ကြိမ် ဆန်းစစ်သွားမည်

နိုင်ငံပိုင်အိမ်ရာငှားရမ်းမှု ငါးနှစ်တစ်ကြိမ် ဆန်းစစ်သွားမည် - Property News in Myanmar from iMyanmarHouse.com
20 Oct 2016 10:05 am တွင် တင်ခဲ့သည်
1660 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံပိုင်အငှားအိမ်ရာစီမံကိန်းများတွင် နေထိုင် သူများ၏ အိမ်ရာဝယ်ယူနိုင်မှုရှိမရှိ အခြေ
အနေများကို ငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ကာ ဆက်လက်ငှားရမ်းခြင်း သင့်မသင့်
ပြန်လည်ဆန်းစစ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခုအစိုးရလက်ထက်တွင် မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ ပဲခူး၊
နေပြည်တော်နှင့်ပုသိမ်မြို့များတွင် ဆောက်လုပ်လျက်ရှိသော အငှားအိမ်ရာ များကို လုပ်ထုံးလုပ်နည်းအသစ်ဖြင့် ယခု လမှစတင်ကာ ငါးနှစ်တာကာလအထိသာ
ငှားရမ်းပေးသွားမည်ဖြစ်သည်။ ထို့ပြင် ယခင် အစိုးရအဆက်ဆက် ဆောက်လုပ်ငှားရမ်း
ခဲ့သည့် နိုင်ငံပိုင် အငှားအိမ်ရာ နေထိုင်သူများ ကိုလည်း ယခုထုတ်ပြန်လိုက်သည့်
လုပ်ထုံး လုပ်နည်းသစ်နှင့်အညီ ငှားရမ်းသည့် စနစ်ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

"အငှားအိမ်ရာတွေကို ငါးနှစ်ပဲ ငှားရမ်းခွင့် ပေးတော့မှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့
နိုင်ငံပိုင်အငှားအိမ်ရာတွေကို ဒီစည်းကမ်း ချက်တွေနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ ငှားနေ
ခွင့်ရရင် ငါးနှစ်အထိပဲ စာချုပ်ချုပ်မယ်၊ ပြီးရင် သူတို့ ငါးနှစ်အတိုင်းအတာအတွင်းမှာ
အိမ်ဝယ်နိုင်တဲ့အခြေအနေရှိမရှိ ပြန်ဆန်းစစ် မယ်။ သူတို့အိမ်ဝယ်နိုင်စွမ်းအား မရှိရင်လည်း
ဆက်ငှားပေါ့။ ၀ယ်နိုင်စွမ်းအားရှိရင်တော့လည်း မနေနဲ့ပေါ့။ ဒါမှ တခြားအိမ်လိုတဲ့ လူတွေကို နေရာချထားပေးလို့ ရမှာဖြစ်တယ်။ အရင်အငှားချအိမ်ရာအဟောင်းတွေကို
လည်း အခုမူနဲ့ပဲ တဖြည်းဖြည်း ပြန်လုပ်သွား ရမှာဖြစ်ပါတယ်"ဟု ဦးမင်းထိန်က
ပြောသည်။

နိုင်ငံတကာ၌ အငှားအိမ်ရာများကို ငါးနှစ် သာအများဆုံး ငှားရမ်းလေ့ရှိသော်လည်း
မြန်မာနိုင်ငံတွင် အငှားအိမ်ရာနေထိုင်ခွင့် ရရှိထားသူများကို နှစ်ပေါင်းများစွာ သားစဉ်
မြေးဆက်တိုင်အောင် အဖိုးနှုန်း ချိုသာစွာဖြင့် ဆက်လက်ငှားရမ်းခွင့် ပြုထားသည်။

ခေတ်အဆက်ဆက်တွင် အိမ်ရာ ထိန်းသိမ်း စောင့်ရှောက်မှုနှင့် စည်းမျဉ်းစည်းကမ်း
အားနည်းမှုတို့ကြောင့် နိုင်ငံပိုင်အငှားအိမ်ရာ များဖြစ်သော်လည်း တရားမ၀င် ရောင်းဝယ်
ငှားရမ်းခြင်းများ ဖြစ်ပေါ်လျက်ရှိသည့် အတွက် ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ
ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။

နိုင်ငံပိုင် အငှားအိမ်ရာများကို ခေတ် အဆက်ဆက်တွင် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်း
စားများ၊ စစ်မှုထမ်းဟောင်းများကို ဈေးနှုန်းချိုသာစွာဖြင့် အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့်
ငှားရမ်းထားခဲ့ခြင်း ဖြစ်သော်လည်း အိမ်ရာထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လစဉ်
အိမ်လခ ကောက်ခံခြင်းကို ဆောက် လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနက စီမံဆောင်ရွက်လျက်ရှိသည်။ "ရန်ကုန်တိုင်းထဲက အငှားအိမ်ရာတွေနဲ့
ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို တင်ပြထား
ပါတယ်။ ၀န်ကြီးချုပ်ကလည်း စနစ်တကျ လုပ်စေချင်တဲ့ လမ်းညွှန်ချက် ပေးထားပါတယ်။
အဖြေထွက်လာရင်တော့ အသိပေးကြေညာ သွားမှာဖြစ်ပါတယ်"ဟု မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

ဖဆပလ နှင့် မဆလ အစိုးရလက်ထက် တွင် ဆောက်လုပ်ထားခဲ့သည့် အငှားအိမ်ရာ
များကို ယခုအချိန်၌ တစ်စတုရန်းပေလျှင် ပျမ်းမျှ ၁၂ ကျပ် ပြား ၅၀ နှုန်းဖြင့်သာ ငှားရမ်းခ
ကောက်ခံနေခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် စတင်ဆောက်လုပ် ခဲ့ပြီး မကြာမီ
လူနေထိုင်ခွင့်ပြုတော့မည့် စတုရန်းပေ ၆၀၀ ကျယ်ဝန်းသည့် ဗန္ဓုလ အငှားအိမ်ရာ
စီမံကိန်း တိုက်ခန်းများကိုမူ လစဉ်ငှားရမ်းခ ကျပ် ၃၀,၀၀၀ ဖြင့် ငှားရမ်း သွားမည်ဖြစ်သည်။

"ကျွန်တော်တို့ဆီတော့ အခုထက်ထိ အကြောင်းမကြားသေးပါဘူး။ အခုမှ ချပေးမယ့်
အငှားအိမ်ရာအသစ်အတွက် ဒီငါးနှစ် စည်းကမ်းချက်က သိပ်ပြဿနာမရှိပေမဲ့ ကျွန်တော်တို့
ဘိုးစဉ်ဘောင်ဆက် နေလာတဲ့ အရင်အဟောင်းတွေကို လာသတ်မှတ်မယ် ဆိုရင်တော့
ပြဿနာတွေအများကြီးတက်လာ နိုင်တယ်။ တော်တော်များများကလည်း လက်ခံကြမှာမဟုတ်ဘူး"ဟု သုဝဏ္ဏ အငှားအိမ်ရာ တွင် နေထိုင်သူ ဦးမြင့်ထွန်းက
ပြောသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရေးဆွဲထားခဲ့သည့်
ပြည်သူ့အငှားအိမ်ရာ
မူဝါဒအရ ယခုကဲ့သို့ အငှားအိမ်ရာ နေထိုင်ခွင့် ရရှိထားသူများ၏ အိမ်ရာဝယ်ယူ
နေထိုင်နိုင် စွမ်း ရှိမရှိကို ပြန်လည်ဆန်းစစ်ရန် စတင် လုပ်ဆောင်ခြင်းဖြစ်သည်။

Credit: Myamar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service