အက်စ်ကွိုင်းယားမဂ္ဂဇင်းကြီးက ကမ္ဘာပေါ်တွင်လိင်ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခဲ့သည့် ဟောလိဝုဒ်သရုပ်ဆောင် အင်မီလီယာ ကမ်းခြေအပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ၀ယ်ယူ

အက်စ်ကွိုင်းယားမဂ္ဂဇင်းကြီးက ကမ္ဘာပေါ်တွင်လိင်ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခဲ့သည့် ဟောလိဝုဒ်သရုပ်ဆောင် အင်မီလီယာ ကမ်းခြေအပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
19 Oct 2016 10:31 am တွင် တင်ခဲ့သည်
1977 ကြိမ် ကြည့်ရှု့ပြီး
အက်စ်ကွိုင်းယားမဂ္ဂဇင်းကြီးက ကမ္ဘာပေါ်တွင်လိင်ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခဲ့သည့် ဟောလိဝုဒ်သရုပ်ဆောင် အင်မီလီယာ ကလာ့ခ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဗင်းနစ်ကမ်းခြေရှိ အပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာ ၄ ဒသမ ၆၄ သန်းဖြင့် ၀ယ်ယူလိုက်ကြောင်း ဗြိတိန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အင်မီလီယာသည် ယခုအခါတွင် အသက် ၂၉ နှစ်ရှိပြီဖြစ်ပြီး Game of Thrones ဇာတ်လမ်းတွဲများဖြင့် နာမည်ကျော်လာခဲ့ခြင်း ဖြစ်သည်။

ယင်းဇာတ်လမ်းတွဲသည် ဂျော့ခ်ျ အာရ်အာရ် မာတင်၏ ၀တ္ထုအပေါ်အခြေခံကာ ရိုက်ကူးထားခြင်းဖြစ်သည်။

အင်မီလီယာဝယ်ယူလိုက်သော နေအိမ်ကြီးတွင် အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၃ ခန်း ပါဝင်သည်။

နာမည်ကျော်ဗိသုကာပညာရှင် အေဗရမ်ဆန် တိုင်ဂျာမှ ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

သဘာဝအလင်းရောင် များစွာရရှိခြင်းသည် နေအိမ်၏ အဓိကဆွဲဆောင်မှုတစ်ရပ်ဖြစ်ပြီး မျက်နှာကျက်မှာ ၁၈ ပေခန့်အထိ မြင့်မားသည်။

ဧည့်ခန်းမှာ အလွန်ကြီးမားသည့်ခန်းမကြီးဖြစ်ပြီး ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသည့် စာအုပ်စင်များရှိသည်။

ယင်းစာအုပ်စင်များတွင် မာတင်၏ စာအုပ်များ မကြာမီရောက်ရှိလာဖွယ်ရာရှိသည်။

လျှောထိုးမှန်တံခါးမကြီးများသည် ပေ ၃၀ အလျားရှိ ရေကူးကန်၊ ပန်းဥယျာဉ်တို့နှင့် ဆက်သွယ်ထားသည်။

ယင်းနေအိမ်ကို ၂၀၀၉ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဧည့်ခန်းအတွင်းတွင် မီးလင်းဖိုထားရှိသည်ကို တွေ့ရပြီး ဥယျာဉ်အတွင်းတွင် သက်တမ်းအနှစ် ၈၀ ခန့်ရှိ သံလွင်ပင်များစွာ စိမ်းလန်းဝေဆာလျက်ရှိသည်။

မစ္စကလာ့ခ်သည် Game of Thrones ဇာတ်လမ်းတွဲ ၆ ခုစလုံးတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အင်မီဆု ၃ ခုအတွက် အမည်စာရင်း တင်သွင်းခံထားရသည်။

အင်မီလီယာ ကလာ့ခ်ကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် မွေးဖွားပြီး ဘက်ခ်ရှိုင်းယားတွင် ကြီးပြင်းသည်။

ဖခင်ဖြစ်သူမှာ ကဇာတ်ရုံအသံပိုင်းအင်ဂျင်နီယာတစ်ဦး ဖြစ်သည်။

အင်မီလီယာကလာ့ခ်၏ အမည်အပြည့်အစုံမှာ အင်မီလီယာ အစ္စဘဲလ် ယူဖီးမီးယား ရို့စ် ကလာ့ခ် ဖြစ်ကာ ၁၉၈၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် အက်စ်ကွိုင်းယားမဂ္ဂဇင်းကြီးက သက်ရှိထင်ရှား လိင်ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအဖြစ် ရွေးချယ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အက်စ်ကွိုင်းယားမဂ္ဂဇင်းကြီးက ကမ္ဘာပေါ်တွင်လိင်ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခဲ့သည့် ဟောလိဝုဒ်သရုပ်ဆောင် အင်မီလီယာ ကမ်းခြေအပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
အက်စ်ကွိုင်းယားမဂ္ဂဇင်းကြီးက ကမ္ဘာပေါ်တွင်လိင်ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခဲ့သည့် ဟောလိဝုဒ်သရုပ်ဆောင် အင်မီလီယာ ကမ်းခြေအပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
အက်စ်ကွိုင်းယားမဂ္ဂဇင်းကြီးက ကမ္ဘာပေါ်တွင်လိင်ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခဲ့သည့် ဟောလိဝုဒ်သရုပ်ဆောင် အင်မီလီယာ ကမ်းခြေအပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
အက်စ်ကွိုင်းယားမဂ္ဂဇင်းကြီးက ကမ္ဘာပေါ်တွင်လိင်ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခဲ့သည့် ဟောလိဝုဒ်သရုပ်ဆောင် အင်မီလီယာ ကမ်းခြေအပန်းဖြေနေအိမ်ကြီးကို ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ဂျပန်တွင် ၆ ဒေါ်လာပေးလျှင် မိမိနှင့် မသိကျွမ်းသူများကို ဖက်ခွင့်ရသော ထူးဆန်းသည့် ကော်ဖီဆိုင်

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

imyanmarmarket
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service