အငှားအိမ်ရာအတွက် စည်းကမ်းသတ်မှတ်ချက် လိုအပ်နေ

အငှားအိမ်ရာအတွက် စည်းကမ်းသတ်မှတ်ချက် လိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
19 Oct 2016 9:53 am တွင် တင်ခဲ့သည်
1250 ကြိမ် ကြည့်ရှု့ပြီး
အခြေခံလူတန်းစားတွေ အဓိက နေထိုင်နိုင်ဖို့ ဆောက်လုပ်နေတဲ့ အငှားအိမ်ရာတွေမှာ နေထိုင်ကြမယ့် သူတွေအတွက် စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြည်နယ်နဲ့တိုင်းအလိုက်မဟုတ်ဘဲ တစ်နိုင်ငံလုံးအလိုက် တူညီတဲ့ စည်းမျဉ်းတွေ ဖြစ်ပေါ်လာနိုင်ဖို့ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရပါတယ် ။

‘အခုပြောနေကြတဲ့ အငှားအိမ်ရာ နေထိုင်ခွင့်ကို ငါးနှစ်ပဲ နေထိုင်ဖို့ သတ်မှတ်သွားမယ်ဆိုတာက အဲဒီအိမ်မှာ လာရောက်နေကြမယ့် အခြေခံလူတန်းစားတွေကို သားစဉ်မြေးဆက်ပိုင်ဆိုင်တယ်ဆိုတဲ့ အသိမျိုးမဝင်ဘဲ ကြိုးစားပြီး ပိုကောင်းတဲ့အိမ်ရာတွေမှာ ပြောင်းနိုင်အောင် ဝင်ငွေနဲ့ကိုက်ညီတဲ့ အိမ်ရာတွေကို လူတန်းစားအလိုက် နေထိုင်နိုင်ဖို့ တစ်သမတ်တည်း အပြီး မဖြစ်အောင် စီစဉ်ထားတာပါ’ လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

အောက်ခြေပြည်သူတွေ ရည်ရွယ်

အငှားအိမ်ရာ နေထိုင်ခွင့်နဲ့ ပတ်သက်ပြီး ကျူးကျော်နေထိုင်သူတွေနဲ့ အောက်ခြေပြည်သူတွေ အဓိက လာရောက်နေထိုင်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး အဲသည်လိုအိမ်ရာတွေက တစ်ဆင့်ရရှိတဲ့ ဝင်ငွေအလိုက် ပိုမိုကောင်းမွန်တဲ့ အိမ်ရာတွေကို ဝယ်ယူလာနိုင်ဖို့ ရည်ရွယ်ပါတယ် ။

အငှားအိမ်ရာကို အစိုးရရဲ့ ဘတ်ဂျက်နဲ့သာ ဆောက်လုပ်အကောင်အထည်ဖော်တာဖြစ်လို့ လာရောက်နေထိုင်ခွင့် ရရှိသူတွေ ပေးရတဲ့ အိမ်ငှားခဈေးနှုန်းတွေက အိမ်ရာတွေကို ပြန်လည်ထိန်းသိမ်းပြုပြင်ဖို့သာ အသုံးပြုကြတာဖြစ်ပါတယ် ။

အခုနောက်ပိုင်း အိမ်ရာငှားရမ်းနေထိုင်နိုင်တဲ့ နှစ်ကို ငါးနှစ်သတ်မှတ်ထားပေမဲ့ မိသားစု ဝင်ငွေတိုးတက်မှု မရှိတဲ့ မိသားစုတွေကိုတော့ နောက်ထပ်သတ်တမ်းတိုးပြီး နေထိုင်ခွင့်တွေ ပေးသွားမှာ ဖြစ်ပါတယ် ။

အရင်က ဆောက်လုပ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ပြည်သူ့အိမ်ရာစီမံကိန်းတွေမှာ
နေထိုင်ခွင့်နဲ့ပတ်သက်ပြီး နှစ်အကန့်အသတ်မရှိဘဲ နေထိုင်ခွင့်ပေးတာကြောင့် ၁၅ နှစ်ထက်ကျော်လွန်လာတဲ့ နေထိုင်သူတွေက မိသားစုဝင်ငွေကို မကြည့်ရှုတော့ဘဲ သားစဉ်မြေးဆက်ပိုင်ဆိုင်နိုင်ဖို့
အခွင့်အရေးတွေ တောင်းဆိုလာကြတာဖြစ်ပါတယ် ။

‘အိမ်ရာနေထိုင်ခွင့်အများစုက ၁၅ နှစ်လောက်သက်ကြာသွားရင် ပတ်ဝန်းကျင် right ရသွားပြီး
လုပ်ပိုင်ခွင့်ကို အပြည့်အဝတောင်းဆိုတာကြတယ် ၊ တချို့အိမ်ရာတွေဆိုရင် အစိုးရဘက်က
ပြန်အဆင့်မြှင့်တင်ဖို့ ညှိနှိုင်းတာတောင် တော်တော်အချိန်ယူရတာတွေရှိတယ်’ လို့ အဆိုပါ တာဝန်ရှိသူကပဲ ဆက်လက်ရှင်းပြပါတယ် ။

လက်ရှိမှာတော့ အငှားအိမ်ရာ ဆောက်လုပ်အကောင်အထည်ဖော်ဖို့ ဘတ်ဂျက် ၄၆ ဘီလျံချထားပြီး လူဦးရေ သိပ်သည်းဆ အလိုက်ပြည်သူ့အငှားအိမ်ရာတွေကို ဆောက်လုပ်ဖို့ နေရာနဲ့ ဘတ်ဂျက်ချထားပေးတာဖြစ်ပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

Villa Shukhinthar
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service