ဒူဘိုင်းတွင် အိမ်ခြံမြေဈေးနှုန်းများမှာ၂၀၁၇ ခုနှစ် အထိဆက်လက်ကျ ဆင်းမှု များဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လက်ရှိအားဖြင့် ဒူဘိုင်းတွင် ၀ယ်လိုအားနှေးကွေးနေပြီးရောင်းလိုအားမှာ လည်းသာမာန်သာရှိခြင်းကြောင့် အိမ်ဈေးနှုန်းများ ပြန်လည်ဦးမော့လာနိုင်ရန် နှောင့်နှေးနေရခြင်းဖြစ်သည်ဟုဆိုသည်။
ဈေးနှုန်းများပြန်လည်ဦးမော့ရေးအတွက် နှောင့်နှေးစေသော ၀ယ်လိုအားနှေးကွေးမှုကြီးထွားလာသည်နှင့်အမျှ အိမ်ခြံမြေဈေးနှုန်းများနှင့် ငှားရမ်းမှုများသည် ၂၀၁၇ ခုနှစ်ရောက်သည့်တိုင် ဆက်လက်ကျဆင်းနေမည်ဖြစ်သည်။
Phidar Advisory မှ ထုတ်ပြန်သောအိမ်ခြံမြေ သုတေသနအစီရင်ခံစာတစ်ရပ်အရယခု ၂၀၁၆ တတိယသုံးလပတ်အကုန်တွင် အိမ်ခြံမြေဈေးနှုန်းများဆက်လက် ကျဆင်းနေကြောင်းဖော်ပြထားသည်။
“၀ယ်လိုအားနှေးကွေးမှုကဈေးနှုန်းတွေပြန်တက်ဖို့အတွက် အတားအဆီးတစ်ရပ်ဖြစ်နေပါတယ်။ ၀ယ်လိုအား အားနည်းမှုနဲ့ ရောင်းလိုအားအသင့်အတင့် သာရှိမှုတွေကြောင့် အငှားနဲ့ ဈေးနှုန်းကျဆင်းမှု ဆက်လက် ပေါ်ပေါက်စေလိမ့်မှာဖြစ်ပြီး ၂၀၁၇ တစ်လျှောက်လုံး ဖြစ်ဖွယ်ရာရှိပါတယ်”ဟုPhidar Advisory မှ မန်နေးဂျင်းဒါရိုက်တာဂျက်ဆီဒေါင်းစ်ကပြောကြားသည်။
၂၀၁၆ ခုနှစ်၊ တတိယပတ် ကာလအတွင်းလူနေခန်းငှားရမ်းခနှုန်းထား များမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးအရောင်းဈေးနှုန်းများမှာမူ ၄ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း Phidar Advisory မှ ထုတ်ပြန်သော အိမ်ခြံမြေဈေးနှုန်းညွှန်းကိန်းတွင် ဖော်ပြသည်။
လုံးချင်းအငှားဈေးနှုန်းများမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းသွားပြီးအရောင်းဈေးနှုန်းများမှာမူ ၄ ဒသမ ၈ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့သည်။
အခြားအချက်များအနေဖြင့် ဒေါ်လာဈေးခိုင်နေခြင်း၊ ရေနံဈေးများကျဆင်းခြင်းနှင့် လူနေအိမ်၊ အိမ်ခန်းငှားရမ်းမှုများကျဆင်းခြင်းသည် ၂၀၁၆ ၏ အဓိကအတားအဆီးများ ဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းတွင်မူရောင်းလိုအားမှာအကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမည်ဟုဂျက်ဆီဒေါင်းစ်ကခန့်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)