ရန်ကုန်မြို့တွင် နေထိုင် သူ နိုင်ငံခြားသားအများစုမှာ ကွန်ဒိုတိုက်ခန်းများ ငှားရမ်းနေထိုင်မှုထက် အိမ်လုံးချင်းများ ငှားရမ်းနေထိုင်မှု မြင့်တက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သတင်းရရှိသည်။
အထူးသဖြင့် လှိုင်သာယာ ကဲ့သို့ စက်မှုဇုန်များနှင့် နီးသည့် နေရာများတွင် လုပ်ကိုင်သူများမှာ လုပ်ငန်းခွင်နှင့် နီးစပ်ရာ အိမ် ရာများ၌ ပိုမိုငှားရမ်းနေထိုင်ကြ ကြောင်း သိရသည်။
‘‘ဒီရက်ပိုင်းထဲ ကိုရီးယား တွေ၊ တရုတ်တွေ လုပ်ငန်းရှင် တော်တော်များများကို လှိုင်သာ ယာဘက်က အဆင့်မြင့်အိမ်ရာ တွေထဲမှာ ငှားပေးနေရတယ်’’ဟုမြင့်မိုရ်မင်းအိမ်ခြံမြေလုပ်ငန်းရှင် ကပြောသည်။
အိမ်လုံးချင်းများ ငှားရမ်း ရာတွင် တစ်လလျှင် ကျပ် သိန်း၅၀ မှ ကျပ် သိန်း ၁၀၀ အထိ ဈေးကောင်းပေး ငှားရမ်းနေကြပြီး ရန်ကင်းမြို့နယ်ရှိ အိမ်လုံးချင်းများ အငှားလိုက်နေကြောင်း သိရသည်။
အိမ်ခြံမြေဈေးကွက်တွင် အ ရောင်းအ၀ယ်ပါးနေချိန်၊ ဆောက် လုပ်ရေးလုပ်ငန်းများ ငွေလည် ပတ်မှုနည်းပါးနေချိန်တွင် ငှားရမ်း မှုက အလုပ်ဖြစ်နေသေးကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းပိုင်ရှင်က ဆိုသည်။နိုင်ငံခြားသား လုပ်ငန်းရှင် အများစုက ကွန်ဒိုတိုက်ခန်းများကို ငှားရမ်းမှုနည်းပါးလာခြင်းမှာ အိမ်လုံးချင်းထက် ကွန်ဒိုတိုက်ခန်းက ဈေးသက်သာသော်လည်း ယခု လက်ရှိငှားရမ်းနေသည့် ကွန်ဒို တိုက်ခန်းများမှာ ကွန်ဒိုအင်္ဂါရပ် နှင့် မညီညွတ်၍ စိတ်ဝင်စားမှု နည်းပါးခြင်းကြောင့်ဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။
နိုင်ငံခြားသားအများစုက အိမ်လုံးချင်းကို ငှားရမ်းရာတွင် အိမ်ထောင်ပရိဘောဂအစုံအ လင်ပါဝင်သည့် အိမ်များကို ပိုမို သဘောကျပြီး ကွန်ဒိုတိုက်ခန်း များထက် ပိုမိုဈေးကြီးသော်လည်း အိမ်လုံးချင်းများမှာ ရုံးခန်းနှင့် တွဲ ဖက်ဖွင့်လှစ်၍ ရသောကြောင့် အများစုက ငှားရမ်းနေထိုင်ကြ သည်ဟု အိမ်ခြံမြေအကျိုးဆောင် များကဆိုသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com