ဒေါ်လာဈေးရောကမ္ဘာ့ရွှေဈေးပါ
တန့်နေတာကြောင့်ပြည်တွင်းရွှေဈေးက ကျပ် (၈၆၀,၀၀၀)ဝန်းကျင်မှာပဲအတက်အကျအနည်းအကျဉ်းရှိပါ
တယ် ။
သည်ရက်ပိုင်းတွေမှာဒေါ်လာဈေးရောကမ္ဘာ့ရွှေဈေးပါ ဈေးအတက်အကျသိပ်မများဘဲအနည်းငယ်ပဲဈေးအပြောင်းအလဲရှိနေတာပါ။ဒါကြောင့်ပြည်တွင်းရွှေဈေးက ကျပ်(၈၆၀,၀၀၀)ဝန်းကျင်မှာပဲဈေးကျသွားလိုက် တက်လာလိုက်ဖြစ်နေတယ်လို့ပြောပါတယ် ။လက်ရှိဈေးတန်းကတော့အဝယ်ဈေးကွက်ပြန်ကောင်း
လာစေနိုင်တဲ့အနေအထားမှာရှိတယ်လို့ကျွမ်းကျင်သူ
တချို့ကပြောပါတယ် ။
ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက’ကမ္ဘာ့ရွှေဈေးကဒေါ်လာ ၁၂၅၀အောက်တော့မဆင်းသေးဘူး ၊
၁၂၅၀ ဝန်းကျင်မှာပဲအတက်အကျဖြစ်နေတယ် ၊ဒေါ်လာဈေးကလဲ ၁၂၇၀ ဝန်းကျင်မှာငြိမ်နေတော့
ပြည်တွင်းရွှေဈေးကထောင်ကဏန်းဝန်းကျင်မှာပဲအတက်အကျဖြစ်နေတယ်၊အရောင်းအဝယ်ဈေးကွက်ကတော့ပုံမှန်အတိုင်းပါပဲ’လို့ပြောပါတယ် ။
ဈေးကွက်ကျွမ်းကျင်သူတချို့ကတော့ပြည်တွင်းရွှေဈေးကခန့်မှန်းရခက်နေတဲ့အနေအထားမှာရှိပေမဲ့တက်နိုင်ခြေရှိတယ်လို့လည်းတချို့ကသုံးသပ်ကြပါတယ် ။ဒေါ်လာဈေးကတက်နိုင်တဲ့အခြေအနေတွေရှိနေတာကြောင့်လို့ပြောပါတယ် ။သည်နေ့မှာပြည်တွင်းရွှေဈေးကကျပ် ၈၅၈,၀၀၀ ဝန်းကျင်မှာရှိပြီး
ကမ္ဘာ့ရွှေဈေးက ၁၂၅၆ဒေါ်လာရှိပါတယ် ။ပြင်ပဒေါ်လာဈေးကတော့ ၁၂၇၅ကျပ်ရှိပါတယ် ။
Credit :The Kumudra