ဒေါ်လာနဲ့ ရွှေဈေး အပြောင်းအလဲက အိမ်ခြံမြေဈေးကွက်ကို လှုပ်ခတ်စေ နိုင်သလား

ဒေါ်လာနဲ့ ရွှေဈေး အပြောင်းအလဲက အိမ်ခြံမြေဈေးကွက်ကို လှုပ်ခတ်စေ နိုင်သလား - Property News in Myanmar from iMyanmarHouse.com
18 Oct 2016 10:44 am တွင် တင်ခဲ့သည်
2669 ကြိမ် ကြည့်ရှု့ပြီး
အခုရက်ပိုင်းအတွင်းမှာ အိမ်ခြံမြေဈေးကွက် ထဲမှာ လှုပ်ခတ်မှုတွေ ဖြစ်လာတာ အိမ်ခြံ မြေလောက နဲ့ ပက်သက်ဆက်နွယ်နေသူတွေ သိကြမှာဖြစ်ပါတယ် ၊ တန်ဖိုးသိန်း သောင်းချီတန် တဲ့ အရောင်းအဝယ်တွေ ထက် အခုနောက်ပိုင်းမှာ အလုပ်လုပ်လို့ ကောင်းတဲ့ ကျပ်သိန်းရာဂဏန်းအောက် မြို့ပြင်မြေကွက်တွေ အရောင်းအဝယ် ပြန်ဖြစ် လာလို့ အိမ်ခြံမြေ အကျိုးဆောင်တွေ လက်မလည်အောင်ကို အရောင်းအဝယ် ဖြစ်နေ ဆဲဖြစ်ပါတယ်။

အိမ်ခြံမြေဈေးကွက်ကို ပြန်ကြည့်လိုက်ရင် မြန်မာစီးပွားရေး ရေချိန်အတက်အကျနဲ့ ပက် သက် ဆပ်စပ်နေတာကိုသိကြမှာဖြစ်ပါတယ် ၊ မြန်မာနိုင်ငံမှာ ငွေပိုငွေလျှံရှိလို့ စီးပွား ရေး လုပ်ချင်ရင်တောင် လုပ်နိုင်ကိုင်နိုင်တဲ့ ကဏ္ဍက နည်းပါတယ် ၊ ရွှေ၊ ဒေါ်လာ ၊ အိမ်ခြံမြေ ၊ ကားနဲ့ အခုနောက်ဆုံးပေါ်နေတဲ့ စတော့ ဈေးကွက်လောက်ဘဲ လောက် လောက်ငှားငှား ရင်းနှီးမြုပ်နှံစရာ နေရာရှိပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေက တော့ အေးစက်နေဆဲဖြစ်ပြီး ရေခဲတုံးတောင် အဖေခေါ်ရမယ့် ဈေးကွက်အနေအထား ကို ဖြတ်သန်းနေရပါတယ် ။

အခုလပိုင်းအတွင်းမှာ ရွှေဈေးတွေကလည်း မကြုံစဖူး တစ်ကျပ်သားကို ကျပ် ၈၄၀၀၀၀ လောက်ကနေ ၉၀၀၄၀၀ လောက်အထိ မရပ်မနားတက်ခဲ့သလို ဒေါ်လာ ဈေးကလည်း မြန်မာငွေ လဲလှယ်နှုန်းအရ တစ်ဒေါ်လာကို ၁၁၆၀ လောက်ကနေ တရ ကြမ်း တက်လာတာ အခုဆိုရင် တစ်ဒေါ်လာကို ၁၂၅၀ လောက်အထိ ဈေးကွက်ထဲမှာ အရောင်းအ၀ယ် ဖြစ်နေဆဲဖြစ်ပါတယ်။ ဒေါ်လာဈေးကလည်းအခုထက်ထိ တည်ငြိမ်တဲ့ အခြေအနေကို မရောက်နိုင်သေးပါဘူး။ ရွှေဈေး နဲ့ ဒေါ်လာဈေး အနည်းငယ် ပြန်ကျ လာခဲ့ပေမယ့် နဂိုမူရင်းအခြေအနေ အတိုင်းပြန်မရောက်သေးသလို ဘယ်စီးပွားရေး သ မားမှလည်း ခြေစုံပစ် ၀င်ရောက်ဈေးကစားတာ မတွေ့ရသေးပါဘူး ။

ရွှေဈေးတွေ တက်လာလို့ ရွှေဝယ်စုထားတဲ့ လုပ်ငန်းရှင်တွေ ရွှေတွေကို ပြန်လည်ထုတ် ရောင်းလာကြပါတယ် ၊ ဒါ့အပြင် နောက်တွန်းအား တစ်ခုကတော့ ဘဏ်တွေဘက်က နေ နေ့စဉ်ခေါ်ယူအပ်ငွေလို့ ခေါ်နေတဲ့ call deposit စနစ်ကိုအရ ပေးနေတဲ့ အတိုးနှုန်း တွေကို လျှော့ချလိုက်ပါတယ် ၊ ရွှေတွေ ထုတ်ရောင်းလိုက်လို့ ထွတ်လာတဲ့ ငွေကြေး တွေ ၊ ဘဏ်တွေဘက်က တွန်းအားကြောင့် လူတွေလက်ထဲမှာ ငွေကြေးတွေ စုပြုံလာ ပါတယ် ။ စီးပွားရေးဆိုတာ မြတ်ချင်လို့ လုပ်တာ ဖြစ်တဲ့ အတွက် ရင်းနှီးမြုပ်နှံသူတွေ ဘက်ကလည်း အမြတ်အစွန်းမသေချာရင်တောင် ဆုံးရှုံးမှု နည်းမယ့် ကဏ္ဍတွေကို လိုက်လံရှာဖွေကြပါတယ်။

ပိုလျှံနေတဲ့ ငွေတွေကို ဘဏ်ထဲထည့်ပြီး အတိုးထိုင်စားမလား ဆိုတော့လည်း လက်ရှိ ငွေဖောင်းပွကိန်းဂဏာန်းအရ အလိုအလျောက် ဆုံးရှုံးမှုတွေဖြစ်မှာဖြစ်ပါတယ် ၊ ဒေါ် လာနဲ့ ရွှေကလည်း တည်ငြိမ်မှု မရှိဘဲ အားကိုးရမလား မှတ်ရတဲ့ စတော့ရှယ်ယာ ဈေး ကွက်ကလည်း ထင်သလောက် ဖြစ်မလာဘဲ ကုမ္မဏီ သုံးခုလောက်နဲ့ လှုပ်လီလှုပ်လဲ့ ရုန်းကန်လည်ပတ်နေပြီး ဈေးကွက်ကျဆင်းနေတဲ့ စီးပွားရေး အခင်းအကျင်းဖြစ်ပါတယ် ။ စတော့ရှယ်ယာဈေးတွေကလည်း အကျဘက်ကို ဦးတည်နေတာကြောင့် အခုချိန်မှာ စတော့ရှယ်ယာ ဈေးဝင်ကစားရင် အမြတ်ထက် အရှုံးက သေချာလို့နေတဲ့ ဈေးအခင်း အကျင်း ဖြစ်ပါတယ် ။

လတ်တလောမှာ စီးပွားရေးလုပ်ငန်းရှင်တွေဆီက စီးပွားရေး မကောင်းကြဘူး ၊ အခြေ ခံလူတန်းစားတွေဆီက ကုန်ဈေးနှုန်းတွေ တက်လာနေပါပြီ လို့ အသံစုံတွေထွတ်လာတဲ့ အချိန်မှာ အခြား တစ်ဖက်က အိမ်ခြံမြေဈေးကွက်က အေးပြီး အရောင်းအ၀ယ်က အေး နေဆဲဖြစ်ပါတယ် ၊ ပြည်တွင်းပြည်ပက စီးပွားရေး ပညာရှင်တွေခန့်မှန်းချက်ကတော့ လက်ရှိ အိမ်ခြံမြေဈေးက ထပ်ပြီး ကျစရာ အကြောင်းမရှိသလောက် ဖြစ်နေတဲ့ သုည အနေအထားဖြစ်နေတယ်လို့ သုံးသပ်ကြတဲ့ အတွက်ဈေးနှုန်းတွေ ဒီထက် ကျစရာ မရှိ နိုင်တော့ဘူးလို့ ခန့်မှန်းထားကြပါတယ် ၊ ဒီတော့ ဈေးကွက်ထဲမှာ ငွေပိုငွေလျှံရှိတဲ့ လူ တွေတော်တော်များများက ဈေးနှုန်းထပ်ကျစရာ အကြောင်းမရှိတော့ဘူးလို့ ထင်မြင်ယူ ဆလာတဲ့ မြေအရောင်းအ၀ယ်ဘက်ကို လှည့်လာတာဖြစ်ပါတယ် ။

မြန်မာစကားပုံမှာ မြေ၀ယ်မကျဆိုတဲ့ စကားပုံတစ်ခုကို လူတိုင်းမှတ်မိနေမှာ သေချာပါ တယ်၊ သမိုင်းအစဉ်အဆက် ပြန်ကြည့်လိုက်ရင် လောဘသိပ်မကြီးဘဲ တန်ရာတန် ကြေးနဲ့ မြေတွေကို ၀ယ်ရောင်းခဲ့တဲ့ လူတွေ အထိနာတာ နည်းပါတယ် ၊ သူများဝယ် တိုင်း တန်လားမတန်လား မျက်စိမှိတ်လိုက်ဝယ်နေတဲ့ လူတွေက လွှဲလို့ မြေဈေးကွက် မှာ ပုံမှန်အလုပ်လုပ်နေတဲ့ လူတွေ အတွက် မြေ၀ယ်မကျဆိုတဲ့ စကားလုံးက ခေတ္တခ ဏ သာတိမ်ကော ပျောက်ကွယ်နေပေမယ့် ဘယ်တော့မှ ပျောက်ဆုံး သွားခြင်း မရှိ ပါဘူး ။ မြေ၀ယ်မကျဆိုတဲ့ စကားက မှန်ကန်ခဲ့တဲ့ သာဓကတွေ များခဲ့ပါတယ် ။

ပြည်တွင်းမှာ ရွှေရှားပါးလို့ ရွှေဈေးတက်ရင် ဈေးသက်သာတဲံ့ ပြည်ပကနေ ရွှေတွေကို လိုသလောက် သွင်းခိုင်းလိုက်လို့ရသလို ဒေါ်လာဈေးမြင့်နေရင်လည်း ပြည်ပက အကူ အညီတွေ တောင်းပြီး ပြည်တွင်းကို ဒေါ်လာတွေ စီးဝင်အောင် လုပ်လို့ရတဲ့ စနစ်တွေနဲ ထိန်းညှိလို့ရပါတယ် ၊ အိမ်ခြံမြေဈေးကတော မြေကွက်တွေကို ထပ်တိုးဖို့ မလွယ်ကူတဲ့ သဘာဝ အရင်းအနှီးဖြစ်တဲ့ အပြင် နိုင်ငံတော်အဆင့် အခြေခံ အဆောက်အအုံတွေပါ တန်ဖိုးကြိးကြီး နဲ့ တစ်ပါတည်း ရင်းနှီးမြုပ်နှံထားရတဲ့ အခြေအနေကြောင့် လည်း ခေါင်း အေးအေးထားရင်းနှီးမြုပ်နှံမယ် ဆိုရင် ဆုံးရှုံးနစ်နာမှုက အင်မတန်နည်းပါးတဲ့ ကဏ္ဍ ကြီးတစ်ခုဖြစ်လို့ အခုလို စီးပွားရေးသမားတွေ ၀င်ပြီး ရင်းနှီးမြုပ်နှံလာတာဖြစ်ပါတယ် ။

တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသလို အခုနောက်ပိုင်းမှာ ငွေပိုငွေလျှံရှိတဲ့စီးပွားရေး လုပ်ငန်းရှင်တွေ တော်တော်များများက မြေဘက်ကို ပြန်လှည့်လာတဲ့အခါမှာတော့ အ ရင်လို ကြီးကြီးကျယ်ကျယ် စွန့်စွန့်စားစားနဲ့ လယ်ကွက်ထဲက ကားလမ်းတောင် မပေါက် တဲ့ မြေကွက်တွေကို သိန်းထောင်ချီပေးဝယ်ခဲ့ပုံစံမျိုး မလုပ်ကြတော့ပါဘူး ၊ သေချာပြီး စီမံကိန်းတွေလည်း ရှိမယ် ၊ မြေတန်ဖိုးကလည်း နည်းမယ် ၊ စာရွက်စာတမ်းနဲ့ ပိုင်ဆိုင်မှု ခိုင်မာမယ့် သိန်းရာဂဏာန်းအောက် မြေတွေကိုဘဲ အေ၇ာင်းအ၀ယ် လုပ်လာတာ တွေ့ ရပါတယ်။ တစ်ချို့ဆိုရင် သိန်း ၁၀၀ အောက်မြေကွက်တွေ အများကြီး ၀ယ်ထားပြီး မြေ တွေကို စုဆောင်းထားကြပါတယ် ။

အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အရောင်းအ၀ယ်တွေ ပါးလျပြီး ၀ယ်လက် ပျောက်နေချိန်မှာ အခုလို စီးပွားရေး လုပ်ငန်းရှင်တွေ တန်ဖိုးနည်းမြေကွက်တွေကို စနစ် တကျ ရင်းနှီးမြုပ်နှံလာတဲ့ပုံသဏ္ဍာန်ကြောင့် အိမ်ခြံမြေဈေးကွက်မှာ အလံရှုးလုပ်ဈေး တင်ရောင်း ၊ ငွေထုတ်ပိုက်ပြေး ၊ အတဲ့လူခံဆိုတဲ့ ဈေးကွက်အနေအထားကနေ ပုံ သဏ္ဍာန်မှန် တန်ရာတန်ကြေးနဲ့ အရောင်းအ၀ယ် လုပ်မှရတော့မှ ဖြစ်နိုင်မယ့် ဈေးကွက် ကို ဦးတည်လို့လာနေပါပြီ ။

လူတိုင်းလက်ထဲမှာ စမတ်ဖုန်းတစ်လုံး ကိုင်နိုင်တဲ့ ခေတ်ဖြစ်တဲ့ အပြင် သတင်းအ ချက်အလက်တွေကို အချိန်နဲ့ အမျှ ပေးစွမ်း နိုင်တဲ့ အိုင်တီခေတ်ကြိးမှာ အိမ်ခြံမြေ ဈေးကွက်အခြေအနေ ၊ ဈေးနှုန်း တွေကို အရင်ခေတ်စနစ်တွေ အတိုင်းအလံရှုးလုပ်ပြီး ဈေးဆွဲတင်ဖို့ ဖြစ်နိုင်ချေနည်းသွားပြီ ဖြစ်ပါတယ် ၊ သာမန်ရပ်ကွက် အကျိုးဆောင်က အစ ဘယ်ရပ်ကွက် ၊ဘယ်လမ်းမှာ တော့ ဘယ်ဈေးနှုန်းလောက်နဲ့ ဘဲ အရောင်းအ ၀ယ်ဖြစ်နိုင်တယ် လို့ပြောနိုင်တဲ့ ခေတ်စနစ်ဖြစ်လာပါပြီ ။ တူတူတန်တန် သင့်တင့်မျှတ တဲ့ ဈေးနှုန်းကသာ ဈေးကွက်ကို ဦးဆောင်တော့မှာဖြစ်ပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး
CarsDB
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service