ပြည်တွင်းရွှေဈေးက သည်နေ့မှာ ကျပ် ၁၀,၀၀၀ ဝန်းကျင် ဈေးဆက်ကျနေတယ်လို့ သိရပါတယ် ။
သည်ရက်ပိုင်းတွေမှာ ဒေါ်လာဈေးကျပြီး ကမ္ဘာ့ရွှေဈေးအနည်းငယ် ပြန်တက်လာပေမဲ့ သည်နေ့မှာတော့ ဈေးပြန်ကျနေတာကြောင့် ပြည်တွင်းရွှေဈေးက ဆက်ပြီး ကျနေတာ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ် ။
ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ‘ကမ္ဘာ့ရွှေဈေးက မနေ့က ဒေါ်လာ ၁၂၆၀ အထိ ဈေးပြန်ကျတယ် ၊ ဒေါ်လာဈေးကလဲ ကျပ် ၂၀ ကျော် ဆက်ကျနေတယ် ၊ ပြည်တွင်းရွှေဈေးက ဈေးပြန်တက်လာဖို့ အားယူချင်ပေမဲ့ တက်ရမယ့် အားက မရှိဘူးဖြစ်နေလို့ ဈေးဆက်ကျနေတာ’ လို့ ပြောပါတယ် ။
ဈေးကွက်ကျွမ်းကျင်သူတချို့ကတော့ ပြည်တွင်းရွှေဈေးက ဆက်ကျနိုင်ခြေတွေ ရှိနေသေးတယ်လို့ သုံးသပ်ထားကြပါတယ် ။ သည်နေမှာ ပြည်တွင်းရွှေဈေးက ကျပ် ၈၄၁,၀၀၀ ဝန်းကျင်မှာရှိပြီး ကမ္ဘာ့ရွှေဈေးက ၁၂၅၈ ဒေါ်လာရှိပါတယ် ။ ပြင်ပဒေါ်လာဈေးကတော့ ၁၂၄၃ ကျပ်ရှိပါတယ် ။
Credit: The Modern