ကွန်ဒိုနည်းဥပဒေ ဒီဇင်ဘာလတွင် ထွက်ရန်လုပ်ဆောင်နေ

ကွန်ဒိုနည်းဥပဒေ ဒီဇင်ဘာလတွင် ထွက်ရန်လုပ်ဆောင်နေ - Property News in Myanmar from iMyanmarHouse.com
13 Oct 2016 10:07 am တွင် တင်ခဲ့သည်
810 ကြိမ် ကြည့်ရှု့ပြီး
စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ အတိအကျပါဝင်လာမည့် စုပေါင်းပိုင်
အဆောက်အအုံ နည်းဥပဒေ (ကွန်ဒိုနည်း ဥပဒေ) ထွက်ရှိလာနိုင်ရေးကို ဒီဇင်ဘာလ
အတွင်း အပြီးသတ်ထွက်ရှိရန် လုပ်ဆောင် လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီး
ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က
အောက်တိုဘာ ၁၀ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ကွန်ဒိုနည်းဥပဒေထွက်ဖို့က ဒီမှာက ပညာရှင်တွေ
ရှားပါးနေတာလည်းပါတယ်။ ဆက်စပ်နေတဲ့ ၀န်ကြီးဌာနတွေ၊ အသင်းအဖွဲ့တွေနဲ့လည်း
ပြန်ညှိနေရတယ်။ ဒါကြောင့် ကြန့်ကြာနေရ တာပါ။ မူကြမ်းကို ရှေ့နေချုပ်ရုံး တင်မယ်။
ပြန်ကျလာရင် အစိုးရအဖွဲ့အစည်းအဝေးကို တင်ပြပါမယ်။ ဒီဇင်ဘာလထဲမှာတော့
ထွက်နိုင်အောင်လို့ လုပ်နေပါတယ်"ဟု ၎င်းက ပြောသည်။

စုပေါင်းပိုင် အဆောက်အအုံဥပဒေကို ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင်
ဆောက်လုပ်ရေးဝန်ကြီးဌာနက စတင်ရေးဆွဲ ခဲ့ပြီး လွှတ်တော်နှစ်ရပ် အငြင်းပွားမှုများ၊ ပြင်ဆင်ချက်အမြောက်အမြားဖြင့် နှစ်နှစ်စ် ကျော်ကြာခဲ့ပြီးနောက်
ယခုနှစ် ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် ဥပဒေအဖြစ် အတည်ပြု နိုင်ခဲ့သည်။

သို့သော် ကွန်ဒိုနည်းဥပဒေ မထွက်ရှိလာသေးရာ ဈေးကွက်အတွင်း ပြည်တွင်းပြည်ပ
ကွန်ဒိုဝယ်ယူလိုသူများက ယင်းနည်းဥပဒေ ထွက်ရှိလာမည့် အချိန်ကို စောင့်စားနေဆဲဖြစ်
သည့်အတွက် လက်ရှိ ကွန်ဒိုမီနီယံဈေးကွက်၌ အရောင်းအ၀ယ်များ နည်းပါးလျက်ရှိသည်။

ထို့အပြင် အသစ်ထွက်ရှိလာမည့် ကွန်ဒိုနည်း ဥပဒေတွင် ဈေးကွက်အတွင်း အမှန်တကယ်
အလုပ်ဖြစ်နိုင်မည့် ရှင်းလင်းပြတ်သားသည့် အချက်အလက်များပါ ပါဝင်လာစေရန်
လိုအပ် ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း (ဗဟို)မှ အထွေထွေ
အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။ "ကွန်ဒိုမီနီယံကို ခြောက်ထပ်ထိ ၀ယ်ခွင့်
ပေးထားပေမဲ့ အခုထက်ထိ ၀ယ်တဲ့သူတွေ အများကြီးမလာသေးဘူး။ သူတို့က ဘာတွေ
စောင့်နေသလဲဆိုတော့ နိုင်ငံခြားမှာက ဘဏ်တွေနဲ့ ချိတ်ပြီးဝယ်လို့ရတယ်။ ပုဂ္ဂလိက
ပိုင်မြေပေါ်မှာ ဆောက်တဲ့ ကွန်ဒိုတွေဆို ကွန်ဒိုဥပဒေအရ မြေကလည်း သတ်မှတ်ထားတဲ့
အကျယ်အ၀န်းရှိမယ်၊ သတ်မှတ်ချက် လည်းရှိမယ်ဆိုရင်လည်း ဘဏ်အပေါင် လက်ခံတယ်
။ BOT (Build operate transfer) စနစ်နဲ့ ဆောက်ထားတဲ့ ကွန်ဒိုဆိုရင် ဘဏ်အပေါင်
လက်မခံဘူးလို့ ဘဏ်တွေဘက်က ပြောဖူးတယ်။ အဲဒါကြောင့်လည်း ကွန်ဒို မီနီယံတွေ
အရောင်းကျသွားတာလည်း ပါတယ်။ နိုင်ငံခြားသားတွေကလည်း BOT ကွန်ဒိုတွေကို
ဘဏ်ပေါင်လက်ခံရင် ၀ယ်ကြမယ့်သဘောလေးတွေ ရှိတယ်။ ဥပဒေသာ ထွက်တာ၊
နည်းဥပဒေ မထွက်သေးဘူး။ ထွတ်လာမယ့် နည်းဥပဒေမှာလည်း ဘယ်လို VISA
ကိုင်ထားတဲ့ နိုင်ငံခြားသားက ကွန်ဒို ၀ယ်ခွင့်ရှိသလဲဆိုတာပါ ရှင်းရှင်းလင်းလင်း
ပါလာဖို့လိုတယ်"ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထား ပြီးဖြစ်သည့် စုပေါင်းပိုင် အဆောက်အအုံ
ဥပဒေ (ကွန်ဒိုဥပဒေ)တွင် နိုင်ငံခြားသား များ၏ ၀ယ်ယူခွင့်ကို အဆောက်အအုံအမြင့်
ခြောက်ထပ်နှင့် အထပ်အခန်းများကိုသာ ၀ယ်ယူခွင့်ပြုထားပြီး အဆောက်အအုံ၏
၄၀ ရာခိုင်နှုန်းသော အခန်းများကို ၀ယ်ယူ ခွင့်ပြုထားသည်။

ကွန်ဒိုအဖြစ် အသိအမှတ် ပြုရန်အတွက် အနည်းဆုံး မြေအကျယ်အ၀န်း စတုရန်းပေ
၂၀,၀၀၀ (ဧကတစ်ဝက်) ရှိရန် လိုအပ်သည်။ အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်သည့်
ကွန်ဒို ဥပဒေ အခန်း ၅ မှတ်ပုံတင်ခြင်းနှင့် စုပေါင်း ပိုင်အဆောက်အအုံတည်ထောင်ခြင်း
ခေါင်းစဉ်အောက်တွင် ဖော်ပြထားသည့် အချက်အလက်များအရ စာချုပ်စာတမ်း
မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားပြီးဖြစ်သည့် စုပေါင်းပိုင်မြေတွင် ဆောက်လုပ်ထားသော
အဆောက်အအုံများကို စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒိုမီနီယံအဖြစ် သတ်မှတ်မည်)ဖြစ်သည်။

ထို့အပြင် ယင်းဥပဒေပါ အခန်း ၅ အပိုဒ် ၁၀ (ခ) တွင် ဖော်ပြထားချက် များအရ စုပေါင်းပိုင်
အဆောက်အအုံအဖြစ် အသိအမှတ်ပြုလိုပါက မြေလက်ဝယ်ပိုင်ဆိုင် ထားသူက စာချုပ်
စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပြီး စုပေါင်းပိုင်ဆိုင်ခွင့်ရှိသူများ ထံသို့ မြေကို
လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ဖော်ပြရေးသားထားသည်။

"ကွန်ဒိုတွေ ဘဏ်မှာ အပေါင်ထားလို့ မရသေးဘူးဆိုတာ ဥပဒေမထွက်သေးလို့ပါ။
အဓိကတော့ ပိုင်ဆိုင်မှု စကားပြောတာပါ။ကွန်ဒိုနည်းပဒေထွက်လာရင် မြေပါ ပိုင်
လာမှာဖြစ်တယ်။ ကွန်ဒိုဥပဒေအရ မြေကို မှတ်ပုံတင် မလုပ်ထားကြဘူးဆိုရင်
မြေမပိုင်တဲ့ အတွက်ကြောင့် ဒီမြေပိုင်ရှင်ကို ကျော်ပြီး ဘယ်သူမှ အလုပ်လုပ်လို့မရဘူး။
ကွန်ဒိုနည်းဥပဒေထွက်မှပဲ ရှင်းလိမ့်မယ်။ BOT ကွန်ဒိုတွေမို့လို့ ဘဏ်တွေက အပေါင်
မခံဘူး ဆိုတာလည်း မဟုတ်ပါဘူး။ နည်းဥပဒေ ထွက်လာမှ ရှင်းသွားမှာ ဖြစ်ပါတယ်"ဟု
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ် မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က
အောက်တိုဘာ ၁၀ ရက်တွင် မြန်မာတိုင်း(မ်) ကို ပြောသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀
အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
CarsDB
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service