ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာမည့် အဆောက်အအုံကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် တည်ဆောက်နေပြီဖြစ်သည်။ ဒူဘိုင်းမြို့ လက်ရှိကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်သည့် Burj Khalifa မိုးမျှော်တိုက်သည်လည်း ဒူဘိုင်းမြို့၌ပင် ရှိသည်။ BurjKhalifa သည် ၈၂၉ ဒဿမ မီတာ(၂၇၂၂ ပေ) မြင့်မားသည်။
ဖျော်ဖြေရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း အဓိကအချက်အခြာဖြစ်သည့် ဒူဘိုင်းမြို့တွင် ဆွဲဆောင်မှုအသစ်အဆန်းများဖြစ်စေမည့်အစီအစဉ်များကို အစဉ်တစိုက် စီမံလာခဲ့သည်။
ယခုအဆောက်အအုံသစ်ကို Emaar Properties အိမ်ခြံမြေကုမ္ပဏီနှင့် Dubai Holding ဒူဘိုင်းနိုင်ငံတကာ ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်တည်ဆောက်ခြင်းဖြစ်သည်။
တည်ဆောက်မှုသည် ၂၀၂၀ တွင်ပြီးစီးမည်ဖြစ်သည်။ ထိုအဆောက်အအုံ ဆောက်လုပ်ရာတွင် မည်မျှကုန်ကျမည်၊
မည်မျှမြင့်မားမည်ဆိုသည့် အချက်များကိုမူ မထုတ်ပြန်ထားပေ။
ကမ်နားပိုင်းနှင့်ကပ်လျက်တည်ရှိနေသောအလွန်တရာသက်တောင့်သက်သာရှိစေမည့် အိမ်ရာတစ်စိတ်တစ်ပိုင်းပါဝင်ပြီး၊ထိုအိမ်ရာသစ်တွင်လည်း ဥယျာဉ်ပုံစံ ဒီဇိုင်းထွင်ထားသည့် ရှုခင်းမျှော်ဆောင်အများအပြား ပါဝင်မည်။
အဆောက်အအုံ၏ စုစုပေါင်းအမြင့် ၅၀ ရာခိုင်နှုန်းအောက်သည် အသုံးပြု၍ရသော ကြမ်းခင်းနေရာလွတ်ဖြစ်သော အဆောက်အအုံကိုသာ မျှော်စင်ဟုကမ္ဘာ့ဂင်းနစ်မှတ်တမ်းက သတ်မှတ်သည်။ ကမ္ဘာ့အမြင့်မားဆုံး မျှော်စင်မှာ ၆၃၄ မီတာမြင့်သော Tokyo Sky Tree မျှော်စင်ဖြစ်ပြီးရုပ်သံထုတ်လွှင့်ရေး၊ စားသောက်ဆိုင်နှင့် လေလာရေးမျှော်စင်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)