ရန်ကုန်ရဲ့မြို့ပြကျယ်ပြန်မှုနဲ့ လမ်းဧရိယာမမျှတမှုတွေဖြစ်ပေါ်နေ
တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြဌာနတာဝန်ရှိသူတစ်ဦးကပြောဆိုပါတယ်။
မြို့ပြလူဦးရေးနဲ့ မြို့ပြကျယ်ပြန်မှုက တိုးပွားလာပေမယ့် ရန်ကုန်လမ်းမြေနေရာက မြို့ပြဧရိယာရဲ့ ၂ ဒသမ ၂၉ ရာခိုင်နှုန်းလောက်သာရှိတာကြောင့်မြိုပြယာဉ်ကျောကျပ်
တည်းမှုတွေက နေရာအများအပြားမှာ ဖြစ်ပေါ်နေတာလို့လည်း ယင်းတာဝန်ရှိသူကရှင်းပြပါတယ်။
“ ကျွန်တော်တို့ရန်ကုန်ရဲ့ မြို့အကျယ်က ၃၀၆ စတုရန်းမိုင်ရှိနေပြီးလမ်းဧရိယာက ၇ စတုရန်းမိုင်သာရှိပါတယ်။ လမ်းမြေနေရာက မြို့ပြတစ်ခုလုံးရဲ့အကျယ်အ၀န်းရဲ့ ၂ ဒသမ ၃ ရာခိုင်းနှုန်းလောက်သာရှိတာကြောင့် မြို့ပြ ကျယ်သလောက် လမ်းတွေရဲ့အကျယ်အ၀န်းကအရမ်းကိုနည်းပါးလွန်းပါတယ်” လို့ယင်းတာဝန်ရှိသူကပြောပါတယ်။
ကမ္ဘာ့မြို့ကြီးတွေရဲ့ မြို့ပြအကျယ်အ၀န်းနဲ့ လမ်းဧရိယာကိုကြည့်ရင်
ဘန်ကောက်မြို့ရဲ့ လမ်းဧရိယာက ၇ ဒသ မ ၁၁ ရာခိုင်နှုန်း၊ ဂျကာတာမြို့မှာ ၇ ဒသမ ၃၂ ရာခိုင်နှုန်း၊ တိုကျိုမှာ ၂၂ နဲ့ နယူယောက်မြို့ကြီးတွေမှာ ၂၁ ရာခိုင်နှုန်းတွေရှိတာကြောင့် ရန်ကုန်ရဲ့လမ်းဧရိယာကျယ်ပြန်မှုကအတော်လေးနည်းနေပါတယ်လို့ ယင်းတာဝန်ရှိသူကပြောပါတယ်။
မြို့ပြဖွံ့ဖြိုးရေးအစီစဉ်တွေရေးဆွဲရာမှာ အထောက်အကူဖြစ်စေဖို့ မြို့တော်စည်ပင်သာယာရေးကော်မတီက တစ် မြို့လုံးအတိုင်းအတာနဲ့ စစ်တမ်းကောက်ယူထားတာဖြစ်ပြီး မြို့တွင်းလယ်မကြီးများနဲ့မြို့စွန်လမ်းမတွေရဲ့ ဧရိ ယာတွေကိုပါ ထည့်တွင်းတွက်ချက်ထား
ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ယာဉ်ကျောကျပ်တည်းမှုဖြေရှင်းတဲ့နေရာမှာ လမ်းဧရိ
ယာချဲ့ထွင်ဖို့နဲ့ နှစ်ထပ်လမ်းစီမံကိန်းတွေလုပ်ဆောင်ဖို
့ရှိနေပြီးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့လည်း နှစ်အလိုက်ဘတ်ဂျက်ရရှိမှုအခြေအနေ ပေါ်မူတည်ပြီး ယင်းစီမံကိန်းတွေအကောင်အထည်ဖော်သွားမှာလည်းဖြစ်တယ်လို့ သိရပါတယ်။
ရှိနေတဲ့လမ်းဧရိယာတွေကျဉ်းလွန်းတာကြောင့် မြို့ပြသယ်ယူပို့ဆောင်ရေးအဆင့်မြင်တင်ဖို့က ကားလမ်းအပြင် အခြားသောရေ
လမ်းကြောင်းနဲ့ရထားလမ်းပိုင်းအဆင့်မြင့်တင်တာတွေပါ
လုပ်ဆောင်ဖို့လိုနေပါတယ်လို့လည်း မြို့ပြပညာရှင်တွေက ပြောပါတယ်။
Credit: SFJ Strategy First Journal