ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာသည် နှစ်စဉ်ဧရာဝတီ
မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျသဖြင့် ကမ်းပါးအနီးအနားတွင် နေထိုင် လျက်ရှိသော အ္တရာယ်ရှိသည့်နေအိမ်များ ရွှေ့ပြောင်းနေထိုင်လျက်
ရှိကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒေသများမှ စေတနာရှင်အလှူရှင်များစုပေါင်းလှူဒါန်းငွေဖြင့် ရေလယ်ကျွန်းကျေးရွာမှ ကိုင်းမြေ များဝယ်ယူ၍ မြေကွက်များရိုက်ကာ ပြောင်းရွှေ့နေထိုင်လို
သည့် အိမ်ထောင်စုများအား မဲနှိုက်၍ နေရာချထားခြင်းကို အောက်တိုဘာ ၁၁ ရက်က ရေလယ်ကျွန်းကျေးရွာ၌ ပြုလုပ်ခဲ့ရာ မြေကွက် ၅၄ ကွက်အား မဲနှိုက်နေရာချပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင် ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Credit: Myanmaalinn