ပြည်တွင်းဒေါ်လာဈေးနှုန်းက သည်ရက်ပိုင်းတွေမှာ ဈေးပြန်ကျနေပြီး သည်နေ့တစ်နေ့ထဲမှာ တစ်ဒေါ်လာကို ကိုးကျပ်ခန့်ဈေးကျနေပါတယ်။
အများစုကတော့ သည်နှစ်ထဲမှာ အမေရိကန် ဗဟိုဘဏ်အတိုးနှုန်း တိုးနိုင်ခြေ၊ပြောင်းလဲနိုင်ခြေ နည်းနေတယ်လို့ သုံးသပ်ထားကြပါတယ်။ပြည်တွင်းဒေါ်လာဈေးကတော့ ပြည်တွင်းဘဏ်တွေကို ဗဟိုဘဏ်ကနေ ခေါ်ယူဆွေးနွေးထားတာ ကြောင့် ဈေးကျတာလို့ သိရပါတယ်။
နိုင်ငံခြားရောင်းဝယ်သူတစ်ဦးက ဈေးကွက်ထဲမှာ ၀ယ်လိုအားများပြီး ပစ္စည်းနည်းနေတာကြောင့် ဈေးတွေကတက်နေတာ ဒီရက်ပိုင်းတွေမှာတော့ ဈေးတွေပြန်ကျနေတယ်၊ဒီနေ့ဆို တစ်နေ့တည်းနဲ့ ဈေးကတအိအိ ကျသွားတာလို့ ပြောပါတယ်။သည်နေ့ မနက်ပိုင်းမှာ တစ်ဒေါ်လာကို ၁၂၆၂ ကျပ်ရှိပြီး ညနေပိုင်းမှာ ၁၂၅၃ ကျပ်ဖြစ်ပါတယ်။
Credit : The Kumudra