အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ဒူဘိုင်းမြို့မှာ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက်စတင်ဆောက်လုပ်နေပြီလို့
အောက်တိုဘာ ၁၀ ရက်မှာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒူဘိုင်းမှာပင် ရှိထားပြီးသား အမြင့်ဆုံးစံချိန်တင် ဘာ့ဂ်ျခလီဖာ မိုးမျှော်တိုက်ထက် ပိုမိုမြင့်မားတဲ့ မိုးမျှော်တိုက်ကို ဆောက်လုပ်နေတာ ဖြစ်ပါတယ်။
စတင်ဆောက်လုပ်နေတဲ့ မိုးမျှော်တိုက်ကို The Tower at Dubai Creek Harbour လို့ အမည်ပေးထားပြီး Emaar Properties နဲ့ Dubai Holding တို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်တဲ့ စီမံကိန်းဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာမယ် The Tower မိုးမျှော်တိုက် ဆောက်လုပ်မှုကို ၂၀၂၀ ခုနှစ်မှာ အပြီးသတ်မယ်လို့ UAE အစိုးရက ပြောပါတယ်။
The Tower မိုးမျှော်တိုက်ရဲ့ အမြင့်နဲ့ ကုန်ကျစရိတ်ကိုတော့ UAE အစိုးရက ပြောကြားခြင်း မရှိပါဘူး။ ဒူဘိုင်းမှာ ဆောက်လုပ်ထားတဲ့ ဘာ့ဂ်ျခလီဖာ မိုးမျှောက်တိုက်မှာ အမြင့်ပေ ၂,၇၂၂ ပေရှိကြောင်း သိရပါတယ်။
Credit: Duwun