စင်ကာပူနိုင်ငံရှိ ကွန်ဒို Residence တွေကို အောက်တိုဘာလာထဲမှာ KAE Alliance Marketing Agency နဲ့ စင်ကာပူနိုင်ငံရှိ Guoco Land တို့ကနေ ပူးပေါင်းပြီး ပြည်တွင်းမှာ ရောင်းချပေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံရှိ CBD နေရာ Tanjong Pagar မှာရှိတဲ့ Wallich Residence Luxury ကွန်ဒို၊ Good Class Bungalow တွေ ဆောက်လုပ်တဲ့ District 10 နေရာမှာ ရှိတဲ့ Leedon Residence Luxury ကွန်ဒို၊ Sims Urban OasicLuxury ကွန်ဒိုတွေကို အောက်တိုဘာလ ၂၂ ရက်နေ့ နိုဗိုတယ်ဟိုတယ်မှာ ရောင်းချပေးဖို့ ရှိတယ်လို့ သိရပါတယ်။
ကွန်ဒို အခန်းတန်ဖိုးတွေကတော့ အနည်းဆုံး မြန်မာငွေ ကျပ်သိန်း ၇၀၀၀ ကနေစပြီး ရောင်းကြတာ များပါတယ်။ အခုရောင်းချမယ့် စင်ကာပူနိုင်ငံက ကွန်ဒိုတချို့ကတော့ ကျပ်သိန်း ၂၀,၀၀၀ ဝန်းကျင် တန်ဖိုးရှိတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
Credit: Kumudra