အမေရိကန်ဗဟိုဘဏ်တိုးနှုန်းတိုးမြှင့်မယ်ဆိုတဲ့ သတင်းကြောင့် ကမ္ဘာ့ရွှေဈေးကျဆင်းပြီး ပြည်တွင်းရွှေဈေးကွက်အပေါ် ရိုက်ခတ်လာပါတယ် ။
‘အမေရိကန်ဘဏ်တိုးနှုန်းတိုးမြှင့်မယ်ဆိုပြီး ဘဏ်ရဲ့အရေးပါတဲ့ ပုဂ္ဂိုလ်က မနေ့ညကပြောသွားတော့ ကမ္ဘာ့ရွှေဈေးထိုးကျသွားတယ် ၊ အဲဒီတော့ပြည်တွင်းရွှေဈေးကလဲ ညတွင်းချင်း ၂၀,၀၀၀ ဝန်းကျင်လောက် ကျဆင်းသွားတယ်’ လို့ ရွှေဈေးကွက်လေ့လာသုံးသပ်သူ ကိုအောင်ဆန်းက ပြောပါတယ် ။
အမြင့်ဆုံး ကိုးသိန်း
ပြည်တွင်းရွှေဈေးဟာ အမြင့်ဆုံး ကျပ် ၉၀၀,၀၀၀ အထိမြင့်တက်ခဲ့ပါတယ် ။ ပြည်တွင်းငွေလဲနှုန်းမြင့်တက်တာရယ် ၊ ရေနံဈေး ၊ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ငွေကြေးဈေးမြင့်တက်ပြီး ဒေါ်လာဈေးအားပျော့လာတာဟာ ကမ္ဘာ့ရွှေဈေးမြင့်တက်လာတဲ့အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ် ။
Credit: The Modern