ပန်းလှိုင်အိမ်ရာဝင်းအတွင်းရှိ Lotus Place အဆင့်မြင့်အိမ်ရာစီမံကိန်း မကြာမီဆောင်ရွက်ပြီးစီးမည်

ပန်းလှိုင်အိမ်ရာဝင်းအတွင်းရှိ Lotus Place အဆင့်မြင့်အိမ်ရာစီမံကိန်း မကြာမီဆောင်ရွက်ပြီးစီးမည် - Property News in Myanmar from iMyanmarHouse.com
10 Oct 2016 10:30 am တွင် တင်ခဲ့သည်
4098 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့အနောက်ပိုင်း လှိုင်မြစ် ဘေးရှိ ၆၅၂ ဧက အကျယ်အဝန်းရှိ သော ပန်းလှိုင်အိမ်ရာဝင်းအတွင်း၌ Lotus Place အဆင့်မြင့်အိမ်ရာ စီမံကိန်းကို Yoma Strategic Holdings Company က အကောင် ထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

ပန်းလှိုင် အိမ်ရာဝင်းအတွင်း အသစ်ချဲ့ထွင် ဆောက်လုပ်ထားသည့် Lotus Place အဆင့်မြင့်အိမ်ရာ စီမံကိန်းကို မြေနေရာဧရိယာ သုံးဧက ကျော် ကျယ်ဝန်းသည့်နေရာပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး အဆိုပါ အဆောက်အအုံမှာ သုံးထပ်တိုက် အမျိုးအစားဖြစ်ကြောင်း သိရသည်။

အဆောက်အအုံ အလုံး ၃ဝ ဆောက်လုပ်ထားခြင်းဖြစ်ပြီး အဆောက် အအုံ တစ်လုံးချင်းစီ၏ မြေကွက် အကျယ်မှာ မျက်နှာစာမှာ ပေ ၄ဝ စီရှိကာ အရှည် ပေ ၁ဝဝ ရှိကြောင်း သိရသည်။ အဆောက်အအုံ တစ်လုံး ချင်းစီ၏ အတွင်းပိုင်းပြင်ဆင်ထားမှု အရ အိပ်ခန်း သုံးခန်း၊ ဧည့်ခန်း နှစ် ခန်း၊ လသာဆောင် တစ်ခု၊ အဆင့်မီ မီးဖိုချောင်နှင့် ထမင်းစားခန်းများ ပါဝင်ပြီး အိပ်ခန်းများအားလုံးမှာ Master Bedroom များဖြစ်ကြောင်း သိရသည်။ ယာဉ်နှစ်စီးရပ်နားရန် ကားပါကင်နေရာ ပါဝင်ပြီး အိမ်ခန်း အကျယ်အဝန်းမှာ စုစုပေါင်း စတုရန်းပေ ၄၄၆၈ ပေ ရှိကြောင်း သိရသည်။

ပန်းလှိုင်အိမ်ရာအတွင်းရှိ Country Club နေရာတွင် ရေကူးကန်နှင့် ကလေးကစားကွင်းများ၊ အားကစား ခန်းမ၊ မြက်ခင်းပြင် တင်းနစ်ကွင်းများ၊ Beauty Salonင၊ Restaurant၊ Spa တို့ ပါဝင်တည်ဆောက်ထားကြောင်း သိရသည်။ ထို့အပြင် လျှပ်စစ်မီးနှင့် ရေ ၂၄ နာရီပတ်လုံး ရရှိစေရန် ဆောင်ရွက်ထားရှိပြီး စီမံကိန်းဧရိယာ အတွင်း စိမ်းလန်းမှုဧရိယာ အများအပြား ထည့်သွင်းဖန်တီးလုပ်ဆောင် ထားကြောင်း သိရသည်။

Lotus Place အဆင့်မြင့်အိမ်ရာ စီမံကိန်း၌ နေထိုင်သူများအဆင်ပြေ စေရေးအတွက် ပန်းလှိုင်စီလုံဆေးရုံ၊ ပန်းလှိုင် School၊ ပန်းလှိုင် Country Club၊ ပန်းလှိုင် Golf Club နှင့် Horizon Restaurant များ ပါဝင်ပြီး အဆိုပါ Horizon Restaurant မှ သန့်ရှင်းလတ်ဆတ်သော ဥရောပနှင့် ယိုးဒယားအစားအစာများကို အိမ်မှနေ၍ ဆက်သွယ်မှာယူကာ အိမ်အရောက် ပို့ပေးသောဝန်ဆောင်မှု လည်းရှိကြောင်း သိရသည်။

Yoma Strategic Holdings မှ တာဝန်ရှိသူတစ်ဦးက ''နေရာအကွက် အကွင်းကောင်းတဲ့ ဒီ Lotus Place အဆင့်မြင့်အိမ်ရာစီမံကိန်းမှာ နေထိုင်သူတွေအနေနဲ့ ခြံဝင်းလေးနဲ့ အဆင့် မြင့်မြင့်နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ ပရိဘောဂပစ္စည်းတွေကလွဲပြီး ကျန် အသုံးအဆောင် ပစ္စည်းတွေအားလုံးကို ထည့်သွင်း ဆောက်လုပ်ထားတာပါ။အဆောက်အအုံ ၁ဝ လုံးက ဆောက် လုပ်ပြီးစီးသွားပြီဖြစ်လို့ ရောင်းချပြီး သွားပြီဖြစ်ပြီး လက်ရှိအိမ်ရှင် အိမ်ငှား များ ပြောင်းရွှေ့နေထိုင်နေကြပါပြီ။

ကျန် အဆောက်အအုံ အလုံး ၂ဝ က လည်း အချောသပ်လုပ်ငန်းများပဲ ကျန်ပါတော့တယ်။ အိမ်ဝယ်ယူနေထိုင်သူများအနေနဲ့လည်း အိမ်ကို ဝယ်ယူလိုက်ခြင်းအားဖြင့် မြေဂရန် နှစ် ၆ဝ ရှိတဲ့ မြေနေရာကိုပါရရှိမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ဆူညံမှု နဲ့ လေထုညစ်ညမ်းမှုမရှိသလို ပတ်ဝန်းကျင်ကို ရှုမျှော်ကြည့်ရင်းနဲ့ အလိုလိုစိတ်အပန်းပြေစေမယ့် စိတ် အပန်းဖြေစရာများရှိနေပါတယ်။ နေရာ တစ်ခုကို အမှန်ရှာနေတဲ့ သီးသန့်နေထိုင်ကြလိုသူများအတွက် သင့်တော်တဲ့ဈေးနှုန်းနဲ့ ကုမ္ပဏီက ရောင်းချပေးသွားမှာဖြစ်ပြီး အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်အောင်စီစဉ်ပေးထားပါသေးတယ်။

ပြီးတော့ အိမ်ကို အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ဖို့အတွက် ရိုးမဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူ နိုင်အောင် စီစဉ်ပေးထားပါတယ်။ ဘဏ်ကနေပြီး အိမ်ရဲ့လက်ရှိ ပေါက်ဈေးနှုန်း တန်ဖိုးကျသင့်ငွေ ၇ဝ ရာခိုင်နှုန်း ချေးယူလို့ရမှာဖြစ်ပြီး ရိုးမ ဘဏ်ကနေ နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါ တယ်''ဟု ဆိုသည်။

လှိုင်မြစ်တစ်လျှောက်ရှိ ပန်းလှိုင် အိမ်ရာဝင်းအကျယ်အဝန်းမှာ စုစု ပေါင်း ဧက ၆၅၂ ဧကရှိပြီး အဆိုပါ ပန်းလှိုင်အိမ်ရာဝင်းအတွင်းရှိ Lotus Place အဆင့်မြင့်အိမ်ရာစီမံကိန်း၌နေထိုင်ကြသူများမှာ သဘာဝအလင်း ရောင်ကို ရရှိခံစားနိုင်ကြမည်ဖြစ်ကာ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းများ ကိုပါ တစ်ပါတည်းခံစားကြည့်ရှုနိုင်ကြ မည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
CarsDB
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service