နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေအတွက် အဆင်သင့်ဖြစ်အောင် မြန်မာဆောက်လုပ်ရေးလုပ်သား ၅၀၀ ကိုအာဆီယံအဆင့်မီ အရည်အချင်းစစ် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CT-UN) ကဦးမင်းမင်းလတ်က ပြောပါတယ်။
ရန်ကုန်မြို့က ဆောက်လုပ်ရေးလုပ်သားတွေကို အခုလအတွင်းမှာ ဦးစားပေးထုပ်ပေးဖို့ စီစဉ်နေပါတယ်။CTUN အပြင်မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသက်မှတ် ပြဌာန်းရေးအဖွဲ့ (NSSA) လည်းပူးပေါင်းဆောင်ရွက်မယ်လို့ ဦးမင်းမင်းလက်ကပြောပါတယ်။အသိအမှတ်ပြု လက်မှတ်ထုတ်ပေးဖို့ အခုလကစပြီး ပထမအသုတ် စတင်စစ်ဆေးမယ်လို့ ဆိုပါတယ်။
NSSA နဲ့ CTUN ကအရည်အချင်းအဆင့်တွေကို Level အလိုက် သတ်မှတ်မယ်လို့ သိရပါတယ်။
ဦးမင်းမင်းလက်ကပြည်တွင်းမှာ အာဆီယံအသိအမှက်ပြုလက်မှတ်ရထားရင် ပြည်ပကဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ ၀င်လာတာနဲ့ မြန်မာလုပ်သားက လစာပိုမိုရရှိဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။NSSA ဟာ လုပ်သားတွေနဲ့ ပတ်သက်တဲ့ စံသက်မှတ်မှုတွေမှာ အာဆီယံနိုင်ငံတွေနဲ့ အညီ ရေးဆွဲထားတယ်လို့ သိရပါတယ်။
NSSA အနေနဲ့ အလုပ်သမားအသိအမှတ်ပြု လက်မှတ်စုစုပေါင်း ၇၂၇ ဦးကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့က ဆောက်လုပ်ရေးလုပ်သားတွေ ပါဝင်တယ်လို့ သိရပါတယ်။
အလုပ်သမားလေ့ကျင့်ရေး သင်တန်းကျောင်းမှာ အလုပ်သမားတွေကို စစ်ဆေးပေးရမယ်ဆိုတဲ့ ဥပဒေရှိတယ်၊လာစစ်ဆေးခံမယ့် လုပ်သားရဲ့ ကုမ္ပဏီမှာ သွားရောက်စစ်ဆေးတာတွေ ကမဖြစ်နိုင်တာကြောင့် ညှိ့နှိုင်းဆွေးနွေးရအုံးမယ်လို့ NSSA ရဲ့ ဥက္ကဌ ဦးမျိုးအောင်ကပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြုပ်နှံမှု စီမံကိန်းကြီးတွေမှာ ပြည်ပကဆောက်လုပ်ရေးလုပ်သားတွေကို ခေါ်ယူအလုပ်ခန့်ထားကြပါတယ်။ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ပေါ်နေချိန်ကလည်း ဒေသခံဆောက်လုပ်ရေးလုပ်သားတွေအတွက် ထိုင်းလူမျိုးဆောက်လုပ်ရေး လုပ်သားတွေကိုခန့်ထားပါတယ်။ရန်ကုန်မြို့မှာ ဆောက်လုပ်နေတဲ့အိမ်ရာစီမံကိန်း အကြီးစားတွေမှာလည်း မြန်မာလုပ်သားတွေထက်ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံက ဆောက်လုပ်ရေးလုပ်သားတွေကို ခန့်ထားတာအများဆုံးဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက လုပ်သားတွေမှာ အသိအမှတ်ပြုလက်မှက် ထုတ်ပြီးခဲ့ရင် အရည်အချင်းအသိအမှတ်ပြုအဖွဲ့တွေ အနေနဲ့ မြန်မာလုပ်သားတွေကို ခေါ်ယူဖို့ တောင်းဆိုနိုင်မှာဖြစ်ပါတယ်။
Credit : The Modern