ရန်ကုန်ကမ္ဘောဇဘဏ်မှ ၄င်း၏ ဒုတိယမြောက် နိုင်ငံတကာ ကိုယ်စားလှယ်ရုံးခွဲကို စင်ကာပူ နိုင်ငံတွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ပြည်တွင်းမှ ပုဂ္ဂလိက ဘဏ်များထဲတွင် ကမ္ဘောဇဘဏ်မှ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ယခု ဒုတိယမြောက် ကိုယ်စားလှယ်ရုံးခွဲကို စင်ကာပူနိုင်ငံတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံတွင် ရုံးခွဲ ဖွင့်လှစ်ခွင့် ၇ရှိနိုင်ရန်အတွက် အစိုးရအာဏာပိုင် အဖွဲ့ဝင် အချို့နှင့်အချိန်ကြာမြင့် စွာ ညှိုနှိုင်းဆွေးနွေးခဲ့ပြီးမှ ဖွင့်လှစ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းမှာ ဖွင့်ဖို့ လုပ်တုန်း က ညှိုနှိုင်းရတာ အဆင်ပြေတယ် သူတို့ဘက်က လိုလိုလားလားပဲ စင်ကာပူမာတော့ ဖွင့်နိုင်ဖို့ တော်တော်လေး ညှိုခဲ့ရတာ " ဟု ကမ္ဘောဇဘဏ်မှ အကြီးတန်း အကြံပေး ဦးသန်းလွင်ကပြောသည်။
စင်ကာပူနိုင်ငံသည် လက်ရှိ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှပ်နှံသူများ အတွက်တဆင်ခံ နိုင်ငံဖြစ်နေသောကြောင့် ကမ္ဘောဇဘဏ် ဖွင့်လှစ်ပါက ပိုမို အကျိုး ဖြစ်ထွန်းနိုင်ပြိး ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံသူများ အတွက် ငွေပေးငွေ ယူ ကိစ္စရပ်များတွင် အဆင်ပြေလာမည်ဖြစ်သည်။
ကမ္ဘောဇဘဏ်သည် ထပ်မံပြီး မလေးရှားနိုင်ငံတွင် နိုင်ငံတကာကိုယ်စားလှယ်ရူံးခွဲ ဖွင့်လှစ်ရန် ခွင့်ပြုချက် ရထားပြီဖြစ်သောကြောင့် တတိယမြောက် ရုံးခွဲကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com