မအိသည် သီးသန့်အဖွဲ့ဝင်များသာ ၀င်ခွင့်ပြုသော ဂီတဖျော်ဖြေပွဲတစ်ခုကို ကြည့်ချင်နေ၏။
သို့ရာတွင် သူက စကားဝှက်ကို မသိချေ။
သို့နှင့် တံခါးရှေ့တွင်ရပ်ကာ စောင့်ကြည့်နေလေသည်။
ခဏအကြာတွင် မန်ဘာဝင်တစ်ဦးဖြစ်သော ဆုသဉ္ဇာ ရောက်လာပြီး တံခါးခေါက်ရာ တံခါးစောင့်က "twelve" (၁၂) ဟု ပြောရာ ဆုသဉ္ဇာက "six " (၆) ဟု ပြန်ဖြေသောအခါ ၀င်ခွင့်ရသွားသည်ကို တွေ့ရသည်။
ထို့နောက်ဒုတိယတစ်ဦးဖြစ်သော မဆွေ ရောက်လာပြီး တံခါးခေါက်ရာ တံခါးစောင့်က "six" (၆) ဟုပြောရာ မဆွေက "three" (၃) ဟု ပြန်ဖြေကာ ၀င်ခွင့်ရသွားသည်ကို တွေ့ရပြန်သည်။
ထိုအခါ မအိက “ဒါဆို ငါသိပြီ” ဟုတွေးတောကာ တံခါးဆီသို့ လျှောက်သွားလေသည်။
တံခါးပေါက်သို့ရောက်သောအခါ တံခါးစောင့်က "ten" (၁၀) ဟု ပြောရာ မအိ က "five" (၅) ဟု ဖြေလိုက်၏။
သို့ရာတွင် ၀င်ခွင့်ကားမရချေ။
မေးခွန်းမှာ မအိ မည်သို့ဖြေပါက ၀င်ခွင့်ရမည် ဖြစ်ပါသနည်း။
အဖြေမှာ.....
မေးခွန်းအက္ခရာ စာလုံးအရေအတွက်မှာ အဖြေဖြစ်ပါသည်။
ဥပမာ- "twelve" ဝေါဟာရတွင် စာလုံး (၆)လုံးပါသည်။ထို့ကြောင့် အဖြေမှာ (6) ဖြစ်ပါသည်။
Ten တွင်စာလုံး (၃)လုံးပါသောကြောင့် (3)ဟု ဖြေက ၀င်ခွင့်ရမည်ဖြစ်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)