ငွေလဲနှုန်းမြင့်တက်မှုနဲ့ အတူ မြန်မာ့ရွှေဈေးဟာတစ်ကျပ်သားကို ကျပ်ကိုးသိန်းအထိ မြင့်တက်လာပါတယ်။
ငွေလဲနှုန်းက ဆက်တိုက်တက်နေတော့ ရွှေဈေးကလည်း လိုက်တက်လာတာ့ပါ၊လက်ရှိမှာတော့ ကိုးသိန်းဝန်းကျင်မှာ ရပ်နေမယ်လို့ ခန့်မှန်းတယ်လို့ ရွှေဈေးကွက်လေ့လာသုံးသပ်သူ ကိုအောင်ဆန်းကပြောပါတယ်။
ပြည်တွင်းရွှေဈေးကဟာ မနက်ပိုင်း အဖွင့်ဈေးမှာ ကျပ် ၈၉၇၀၀၀ ကနေ တဖြည်းဖြည်းမြင့်တက်လာပြီး ကျပ် ၉၀၀, ၂၀၀ အထိဖြစ်လာပါတယ်။
ပြည်တွင်းငွေလဲနှုန်းကလဲ အမေရိကန်တစ်ဒေါ်လာကို ကျပ်၁၂၇၀ ၀န်းကျင်ကနေ ကျပ် ၁၂၈၂/၁၂၈၃ ၀န်းကျင်အထိ ဖြစ်လာတယ်။ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၃၁၇ ၀န်းကျင်မှာ ရှိနေပါတယ်။
ကမ္ဘာ့ရေနံဈေးမြင့်တက်လာမှုနဲ့ အတူ အမေရိကန်ငွေကြေး အားပျော့ပြီး ကမ္ဘာ့ရွှေဈေးပြန်မာလာပါတယ်။ပြည်တွင်းမှာတော့ ငွေဈေးနှုန်းအတက်အကျအပေါ် မူတည်ပြီး ရွှေဈေးကလည်းလိုက်လံပြောင်းလဲနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်တွင်းငွေဈေးနှုန်း ကျဆင်းလာရင်တော့ ရွှေဈေးလည်း ကျဆင်းနိုင်ပါတယ်။ပြည်တွင်းရွှေဈေးလေ့လာသုံးသပ်သူတွေ ကတော့ ရွှေဈေးဟာအတက်ဘက်ကို ထပ်မံဦးတည်ဦးမယ်လို့ ခန့်မှန်းကြသလို ကိုးသိန်းဝန်းကျင်မှာ ရပ်နေမယ်လို့ သုံးသပ်သူတွေလည်းရှိနေပါတယ်။
Credit : The Kumudra